Ayeyarwaddy Times ကရေးတဲ့ စစ်တပ်ကနေအိမ်ချိတ်ပိတ်မယ်ဆိုတဲ့ သတင်းအတု

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာတွင် စစ်တပ်နှင့် ဇွန်လ ၂၅ ရက် နေ့တိုက်ပွဲဖြစ်ပွားဖြစ်ပွားပြီးနောက် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ဒေသခံများအား သုံးရက်အတွင်း အိမ်သို့ပြန်မလာပါကနေအိမ်ချိတ်ပိတ်မည်ဖြစ်ဟုကျေးရွာအနီး တပ်စွဲထားသည့် စစ်တပ်က ခြိမ်းခြောက်နေကြောင်း Ayeyarwaddy Times Page မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာတွင် တပ်မတော်နှင့် ဇွန်လ ၂၅ ရက်နေ့ တိုက်ပွဲဖြစ်ပွားဖြစ်ပွားပြီးနောက်ဒေသခံများအား သုံးရက်အတွင်း အိမ်သို့ပြန်မလာပါကနေအိမ်ချိတ်ပိတ်မည်ဖြစ်ဟု တပ်မတော်က ခြိမ်းခြောက်ပြောဆိုခဲ့ခြင်း မရှိကြောင်း ဒေသတွင်း သတင်းပေးချက်များအရသိရှိရပါတယ်။ Ayeyarwaddy Times Page မှ ဖြစ်စဉ်မရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အပုတ်ချကာ အများအထင်လွဲမှားအောင် လုပ်ကြံရေးသားထားခြင်းသာဖြစ်ပါတယ်။

FakeNews

FACT-CHECK