လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးတယ်လို့ မြေလတ်အသံမှ သတင်းအမှားရေး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာက ထွက်လာတဲ့ အင်အား ၈၀ကျော်ပါတဲ့ စအရ ၉၀၉ နဲ့ ခမရ ၇၀၄ စစ်ကြောင်း ၂ ကြောင်းကို ဩဂုတ် ၇ ရက် မနက်ပိုင်း ၉ နာရီလောက်မှာ ကြောင်သန်းကျေးရွာ၊ ဆင်ရှင်ကျေးရွာနဲ့ ကျေးနင်း ကြီးကျေးရွာ သုံးရွာကြားမှာ မီတာ ၁၀၀ အကွာကနေ ကာကွယ်ရေးအဖွဲ့တွေက လက်နက်ကြီး/လက်နက်ငယ်တွေနဲ့ တရစပ်ပစ်ခတ် တိုက်ခိုက်ခဲ့တာ စစ်သား ၁၅ ဦးသေဆုံးခဲ့တယ်လို့ မြေလတ်အသံ မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၇ ရက်နေ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကြောင်သန်းကျေးရွာ၊ ဆင်ရှင်ကျေးရွာနဲ့ ကျေးနင်းကြီးကျေးရွာသုံးရွာကြားတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များတိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့ကြောင်း ဒေသတွင်းသတင်း ပေးချက်များအရသိရှိရပါတယ်။ မြေလတ်အသံ မှ ဖြစ်စဉ်အမှန်မရေးဘဲ PDF ဂုဏ်ဖော်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးတယ်လို့ အောက်တန်းကျစွာ ရေးသားထားခြင်းဖြစ်ပါတယ်။