ဇူလိုင်လ ၁၈ ရက်နေ့ မှုခင်းသတင်းများ

  • ဇူလိုင်လ ၁၇ ရက် ၀၉၀၀ အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ ခုံမင်းကြီးရပ်ကွက်ရှိ အလက(ခွဲ)၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ မိုးရာသီ သစ်ပင်စိုက်ပွဲတော်ပြုလုပ်နေသော နေရာသို့  PDF အကြမ်းဖက် သမားများမှ လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးခင်မောင်ထွန်း(၄၉) နှစ်၊ ဦးမြင့်ကျော်(၄၁)နှစ်၊ ဒေါ်မြမြဆွေ (၅၄)နှစ်၊ ဒေါ်နှင်းထက်ဝေ(၂၃)နှစ်၊ ဒေါ်သီတာအေး (၄၅)နှစ်၊ ဒေါ်သန္တာဌေး (၄၉) နှစ်၊ဒေါ်သဇင်(၄၈) နှစ်၊ ဒေါ်စိန်မြင့်(၉၃)နှစ်၊ မောင်ဟိန်းထက်ဇော်(၁၀)နှစ်၊ မောင်ကောင်းထက်ဖြိုး (၉) နှစ်၊ မောင်မြင့်မြတ်ချမ်းသာ (၅)နှစ် တို့တွင် မိုင်းစထိမှန် (မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ပြီး ဒေါ်ပြူး(၇၄)နှစ်သည် နှလုံးရောဂါအခံဖြင့်သေဆုံးခဲ့ ကြောင်းသိရှိရ။
  • ဇူလိုင်လ ၁၇ ရက် ၁၀၀၀ နာရီတွင် စစ်ကိုင်းတိုင်းဒသကြီး ကလေးမြို့နယ်၊ ရာဇဂြိုလ်ကျေးရွာနေ ဦးအောင်နိုင်ဦး (၃၅) နှစ်သည် ရာဇဂြိုလ်(၂) စိုက်/မွေး အတတ်သင်စခန်း၌ လိုအပ်သော စားသောက်ကုန်များနှင့်စက်သုံးဆီများ သိန်း၄၀ ဖိုးခန့်အား ကလေးမြို့မှ ဝယ်ယူ၍  ဒိုးဝိုင်းချောင်း-ပြည်တော်သာ-လက်ပံချောင်းကားလမ်းအတိုင်း ပြန်လည်ထွက်ခွာခဲ့ရာ ပြည်တော်သာကျေးရွာအဝင်သို့ရောက်ရှိစဉ် အကြမ်းဖက်သမား ၁၀ ဦးခန့်မှ တားဆီးပြီး ဖမ်းဆီးထားခဲ့ကြောင်းသိရှိရ။
  • ဇူလိုင်လ ၁၇ ရက် ၁၆၃၀ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်နေ ဒေါ်တူးမာ (၄၂) နှစ် “ ကြည်စတား” ကုန်စုံဆိုင်ပိုင်ရှင် အား အကြမ်းဖက်သမား ၃ ဦးက လက်နက်ငယ်များကိုင်ဆောင်၍ တောင် ပလူး ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရှိရ။
  • ဇူလိုင်လ ၁၇ ရက် ၁၇၅၀ အချိန်တွင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နေ ဒေါ် ကေသွယ်မိုး(၂၈) နှစ်သည် တပင်ရွှေထီးရပ်ကွက်ရှိ “စွမ်းအင်”စက်သုံး ဆီဆိုင် ၌ ရှိနေစဉ် အကြမ်းဖက်သမား ၃ ဦးမှ ဆီဖြည့်ရန် ဟန်ဆောင်၍ လက်နက် ငယ်များဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ကျည်ထိမှန် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့။
  • ဇူလိုင်လ ၁၇ ရက် ၀၉၃၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စာတိုက်တကာကျေးရွာနေ ဒေါ်သန်းစိန် (၅၃) နှစ်နှင့် ခင်ပွန်းဖြစ်သူ ဦးလှသန်း (၆၄) နှစ်တို့ ၂ ဦးသည် ဘေးတွဲဆိုင်ကယ်ဖြင့် ထင်းခြောက်များ လိုက်လံကောက်ယူနေစဉ် စတိုက်တကာကျေးရွာနှင့် ကင်းကျေးရွာသွား လမ်းဘေးသို့အရောက်၌ အကြမ်းဖက်သမားများထောင်ထားသည့် မိုင်းပေါက် ကွဲခဲ့သဖြင့် ဒေါ်သန်းစိန်မှာ မိုင်းစထိမှန် (မစိုးရမ်ရ) ဒဏ်ရာရှိခဲ့ကြောင်းသိရှိရ။