အကယ်ဒမီ ပေးပွဲနှင့်ပတ်သတ်ပြီး ဝေဖန်မှု့များမြင့်တက်နေ

မူရင်းလစာမတိုးပေးနိုင်ရင်တောင် ကာလအပိုင်းအခြားတစ်ခုအထိ ထောက်ပံ့ကြေးအနေနဲ့တော့ လုပ်ပေးသင့်တာပေါ့။
ဝန်ထမ်းတွေ တကယ် အခက်ခဲဖြစ်နေကြတာ။ နောက်ဆက်တွဲအနေနဲ့ အကျင့်ပျက်ခြစားမှုတွေ ပိုများလာမယ်၊ တစ်ဖက်အဖွဲအစည်းတွေရဲ့ ငွေအားနဲ့ အသုံးချခြင်းကိုခံလာရမယ်၊ ငွေမျက်နှာတစ်ခုတည်းကြည့်ပြီး အဖွဲအစည်းအပေါ် သစ္စာစောင့်ထိန်းမှုတွေ လျော့ပါးလာကြမယ်၊ တစ်ချို့ လုံခြုံရေးကျိူးပေါက်မှုဖြစ်စဥ်တွေ၊ ဌာနဆိုင်ရာ လျှိဝှက်အဆင့်အတန်းရှိတဲ့ စာရွက်စာတမ်းတွေ မသမာသူတွေလက်ထဲရောက်သွားတဲ့ဖြစ်စဥ်တွေ စသည်ဖြင့် တော်တော်များများကို စုံစမ်းဖော်ထုတ်ရသမျှ အဲ့ကိစ္စတွေက စတာပါပဲ။

နောက်နှစ်အထိ ဝန်ထမ်းလစာ ၂သိန်းပဲဆိုရင် အလုပ်ထွက်ဖိုပဲရှိတော့တယ် လို့လည်း မှတ်ချက်တွေရေးနေကြပါတယ်။

လိုအပ်တဲ့နေရာတွေပဲသုံးပြီးနေရင် ဝန်ထမ်းတွေကနားလည်ပေးနေမှာပဲ မယောင်ရာဆီထလူးပြတော့ ပေါက်ကွဲကြတာမဆန်းဘူး။