ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မှုခင်းသတင်းများ

-ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ၀၉၀၀ နာရီတွင် သထုံမြို့၊ လိပ်အင်းရပ်ကွက်၊ ရွာဦး(၂)လမ်းနေ စောထွန်းနောင်(၃၂)နှစ်သည် ပေါင်မြို့မှ ဆိုင်ကယ်ဖြင့် နေအိမ်သို့ပြန်လာစဉ် ဂေါ့သန်ကျေးရွာ၊ ရွှေသံလွင်ကုမ္ပဏီတိုးဂိတ်အနီးအရောက်၌ PDF အကြမ်းဖက်အဖွဲ့ဝင် ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် လိုက်ပါလာပြီး လက်နက်ငယ်ဖြင့်ပစ်ခတ်၍ စောထွန်းနောင် စီးနင်းလာသည့် ဆိုင်ကယ်အားလုယူထွက်ပြေးသွားခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် စောထွန်းနောင်တွင် နဖူး၊ ဝမ်းဗိုက်၊ ယာလက်မောင်းကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့။

-ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ၁၅၄၀ နာရီတွင် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ သိမ်ဇရပ်နယ်မြေရဲစခန်းသို့ PDF အကြမ်းဖက်အဖွဲ့မှ ရွာလေးကျေးရွာဘက်မှ ၄၀ မမဖြင့် ၆ ချက်ပစ်ခတ်၍ အောက်အလူးကျေးရွာဘက်သို့ ဆုတ်ခွာသွားခဲ့ရာ ရဲစခန်းအရှေ့ဘက် ဘန်ကာအနီးသို့ ၃ လုံး၊ ခြံစည်းရိုးအပြင်ဘက်သို့ ၂ လုံး၊ (၄)ခန်းတွဲလူနေအဆောက်အဦ ရှေ့သို့ ၁ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ဒုရဲအုပ် ဟန်ဘိုဘိုထွန်းတွင် ယာမျက်လုံး၊ ဝဲရင်ဘတ် ဗုံးစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့။

-ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ၀၈၁၀ နာရီတွင် ပုသိမ်ကြီးမြို့နယ်၊ နန္ဒာတောင်ကျေးရွာ၏အရှေ့တောင်ဘက် လယ်ကွင်းမြောင်းပေါ်၌ အမျိုးသား ၁ ဦး သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးခဲ့ရာ (စိစစ်ဆဲ)ကျား ၁ ဦး(၃၅)နှစ်ခန့်တွင် မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့သဖြင့် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်းနှင့် တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိ။

-ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ၁၁၀၀ နာရီတွင် အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ ၈၇ လမ်း၊ ၁၄ x ၁၅ လမ်းကြားရှိ လမ်းဘေးရေမြောင်းအနီး၌ အမျိုးသား ၁ ဦး သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ (စိစစ်ဆဲ)ကျား ၁ ဦး(၄၀)နှစ်ခန့်တွင် လည်းပင်း၊ ဝဲလက်ဖျံထိုးသွင်းဒဏ်ရာ၊ ဝဲပါး၊ ယာလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သဖြင့် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်းနှင့် တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိ။

-ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ၀၈၄၅ နာရီတွင် ရမည်းသင်းမြို့နယ်၊ တောင်ကန်ကြီးကျေးရွာနေ ဌေးဌေးကြိုင်(၃၄)နှစ်နှင့် ဦးလေး ဖြစ်သူ စည်သူစိုး(၄၇)နှစ်၊ စဉ့်အိုးတန်းရပ်ကွက်၊ လသာမြို့နယ်နေသူတို့ ၂ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် နတ်မောက်မြို့နယ်၊ ဂွေးကုန်းကျေးရွာမှ သားမျှားကျေးရွာသို့ သွားရောက်စဉ် ကျေးရွာချင်းဆက်လမ်း အရောက်၌ လက်နက်ငယ်ကိုယ်စီကိုင်ဆောင်ထားသည့် PDF အကြမ်းဖက်အဖွဲ့ဝင် ၃ ဦးမှ ဆိုင်ကယ်အား ရပ်တန့်စေ၍ စည်သူစိုးအား ပစ်ခတ်သတ်ဖြတ်ခဲ့ရာ စည်သူစိုးတွင် နဖူးပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့။