ကလိန်အောင်မြို့က စစ်သား ၃ ဦး ထွက်ပြေးတယ်လို့ Ayeyarwaddy Times မှ သတင်းအတုရေး

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အခြေစိုက် ခမရ (၄၀၉) ခြေလျင်တပ်ရင်းမှ တပ်သား သုံးဦး တပ်ကိုစွန့်ခွာထွက်ပြေးသွားကြောင်း တပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံက သိရသည်။ အဆိုပါ တပ်ဖွဲ့ဝင် ၃ ဦးသည် ကင်းစောင့်နေရင်း ယမန်နေ့ ဇွန်လ ၅ ရက် နံနက် ၄ နာရီဝန်းကျင်က တပ်ကိုစွန့်ခွာထွက်ပြေးသွားခြင်း ဖြစ်ကြောင်း Ayeyarwaddy Times မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၅ ရက်နေ့၌ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ရှိ ခမရ (၄၀၉)တွင် ခွင်မဲ့ဖြစ်ပွားတဲ့ဖြစ်စဉ် မရှိခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရ သိရှိရပါတယ်။ Ayeyarwaddy Times မှ ဖြစ်စဉ်မရှိဘဲ ထင်ယောင်ထင်မှားဖြစ်စေရန် လုပ်ကြံရေးသားထားခြင်းဖြစ်ပါတယ်။