သရက်ချောင်းမြို့နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦးဒဏ်ရာရတယ်လို့ Khit Thit မှ သတင်းအမှားရေး

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ စစ်တပ်၏ စစ်ကား ၁ စီးကို မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျား တပ်ဖွဲ့ထံမှသိရသည်။ စက်တင်ဘာလ ၆ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၂၀ ခန့်က ထားဝယ်မြို့ဘက်မှ သရက်ချောင်းမြို့နယ်ဘက်သို့ ဆင်းလာသော စစ်တပ်မြေသယ်ကား ၃ စီးအနက် တစ်စီးကို မိုင်း ၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးခန့် ဒဏ်ရာရရှိပြီး ကျောက်မိုင်းလုပ်သား ယာဉ်မောင်းတစ်ဦး လည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း Khit Thit မှ သတင်းမှားရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ စက်တင်ဘာလ ၆ ရက်နေ့ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ အရပ်ကား ၁ စီးကို မိုင်းခွဲတိုက်ခိုက်ခံရပြီး အရပ်ကားယာဉ်မောင်း ၁ ဦးထိခိုက်ဒဏ်ရာရကာ လုံခြုံရေးတပ်ဖွဲ့ဝင်များထိခိုက်မှုမရှိကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ ပြည်သူကို မိုင်းဆွဲတိုက်ခိုက်ပြီး စစ်တပ်ကားပါဆိုပြီး အများပြည်သူကို သတင်းအမှားဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦးဒဏ်ရာရတယ်လို့ လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။