မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌻ကိုယ့်ကိုယ်ကိုယ်သာ အားကိုပါ🌻

အားကိုးရသူ ရှိတယ်ဆိုပြီး
ဘာအလုပ်မှ မလုပ်ပဲ
သူတစ်ပါးကို အားကိုးပြီးမနေလိုက်
ပါနဲ့ ။

ယုံကြည်ရတဲ့သူ ရှိတယ်ဆိုပြီး
ဘာတစ်ခုမှ မလေ့လာပဲ
သူတစ်ပါးကို အားကိုးပြီးမနေလိုက်
ပါနဲ့ ။

ဘာကြောင့်လဲဆိုရင်
ကိုယ့်အရိပ်ကတောင်မှ
အမှောင်ထဲ ရောက်သွားတဲ့အခါ
ကိုယ့်ကိုယ် ထားရစ်ပြီးသွားခဲ့သေးတာပဲ ။

ကိုယ်အားကိုးရတဲ့သူတွေက
တစ်နေ့နေ့မှာ
ရှင်ကွဲ မဟုတ်ရင် သေကွဲနဲ့
သေချာပေါက် ခွဲခွါရမှာ ဖြစ်ပါတယ် ။

ကိုယ်ယုံကြည်ရတဲ့သူတွေက
လူသားထဲက လူသားတစ်ယောက်ဖြစ်လို့
တချိန်ချိန်မှာတော့
မခွဲခွါချင်လည်း ခွဲခွါရမှာဖြစ်ပါတယ် ။

အားကိုးရတဲ့သူတွေ
ယုံကြည်ရပါတယ်ဆိုတဲ့သူတွေဆိုတာ
ကိုယ့်အနားမှာ အမြဲရှိနေမှာမဟုတ်ပါဘူး ။

မိမိလက်ရှိဘဝ
ဘယ်လိုပဲ အဆင်ပြေနေပါစေ
သူတစ်ပါးကို အားကိုပြီးတော့
ဘဝကို ရပ်တည်ပြီးမနေလိုက်ပါနဲ့
ကိုယ့်ကိုယ်ကိုယ် အားကိုးပြီးတော့
ဘဝကို လျှောက်လှမ်းပြီးတော့နေထိုင်ပါ ။🌻🌻🌻

✍️အရှင်ဇဝန (ရွှေကုန်းမြေ)✍️