ဧပြီလ ၂၄ ရက်နေ့ ရခိုင်ပြည်နယ်တိုက်ပွဲသတင်းများ

ဧပြီလ ၂၄ ရက် ၂၀၂၄ခုနှစ်။

(ဘူးသီးတောင်)

  ယနေ့နံနက်ပိုင်း ၄ နာရီခန့်မှစ၍ နန့်ရာကုန်းရွာတွင် ရောက်ရှိနေသည့် AA အကြမ်းဖက်အဖွဲ့အား တပ်စစ်ကြောင်းများမှ တိုက်စစ်ဖွင့် သွားရောက်ရှင်းလင်းခဲ့ရာ AA အကြမ်းဖက်အဖွဲ့မှ NLD ပါတီရုံးဟောင်းအတွင်းမှ ပြန်လည်တိုက်ခိုက်သောကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး နေ့လည် ၁၂ နာရီခန့်တွင် နှစ်ဖက်တိုက်ပွဲ ရပ်စဲခဲ့ကြောင်း။

ရန်သူထံမှ လက်နက်/ခဲယမ်းများ သိမ်းဆည်းရမိထားကြောင်း သိရှိရပြီး ဘူးသီးတောင်ဆိပ်ကမ်းလုံခြုံရေးအဖွဲ့နေရာနှင့် နယ်မြေခံတပ်မဌာနချုပ် ကာကင်းစခန်းတစ်ခုအား AA အကြမ်းဖက်သောင်းကျန်းသူများမှ လက်နက်ငယ်များဖြင့် လာရောက်တိုက်ခိုက်ခဲ့သော်လည်း တပ်စစ်ကြောင်းများ၏ ပြန်လည်ခုခံတိုက်ခိုက်မှု၊ လေကြောင်းပစ်ကူများဖြင့် ချေမှုန်းမှုတို့ကြောင့် ရန်သူများ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရှိရသည်။ ထို့အပြင် နယ်မြေခံတပ် ၅၆၅ တပ်အား drop bombs ဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

(မောင်တော)
ယနေ့နံနက်ပိုင်း ၉ နာရီခွဲအချိန်ခန့်က နခခ ၅ ဌာနချုပ်အား AA အကြမ်းဖက်အဖွဲ့မှ ပန်းတောပြင်ရွာပျက်နှင့် ဇောဓိကုန်း ရွာတို့မှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် လက်နက်ကြီးများဖြင့် တန်ပြန်တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း သိရှိရ။

(အမ်းမြို့)

ယနေ့န့နက်ပိုင်း ၁၁ နာရီအချိန်ခန့်မှစ၍ ညနေ ၄ နာရီအချိန်ခန့်ထိ ကဇူးကိုင်းဒေသရှိ ပွိုင့် ၂၉၉ စခန်းအား AA အကြမ်းဖက်အဖွဲ့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အဆိုပါနေရာများအား လက်နက်ကြီးများဖြင့် တန်ပြန်တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း သိရှိရသည်။ ထိုအပြင် ညနေ ၄ နာရီခန့် စွေ့ချောင်းစခန်းအနီး ချဉ်းကပ်လာသည့် AA အကြမ်းဖက်သောင်းကျန်းသူများအား စခန်းတွင်းမှထွက်၍ ရှင်းလင်းတိုက်ခိုက်ခဲ့ရာ သောင်းကျန်းသူများ ပြန်လည်ဆင်းပြေးသွားကြကြောင်း သိရှိရသည်။

အဆိုပါနေရာများမှလွဲ၍ ကျန်နေရာဒေသများတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိကြောင်း သိရှိရသည်။ #Crd