အသင်းခေါင်းဆောင်နေရာ ကိုယ်တိုင်ရွေးချယ်မယ့် တန်ဟက်ဂ်

မန်ယူအသင်း၏နည်းပြဖြစ်သူ အဲရစ်တန်ဟက်ဂ်က လာမည့်ရာသီအတွက် အသင်းခေါင်းဆောင်ရာထူးကို မိမိကိုယ်တိုင် ဆုံးဖြတ်ရွေးချယ်သွားမည်ဟု ပြောကြားခဲ့သည်။ 

မန်ယူအသင်း၏ လက်ရှိအသင်းခေါင်းဆောင်မှာ အင်္ဂလန်နောက်ခံလူ မက်ဂွိုင်းရားဖြစ်ပြီး ၎င်းမှာ ရောင်းထုတ်ခံရမည့်ကစားသမားအဖြစ် ထင်ကြေးပေးခံထားရသည်။ 

၎င်းအနေဖြင့် အသင်းတွင် ဆက်ရှိခဲ့လျှင်ပင် အသင်းခေါင်းဆောင်ရာထူးကို စွန့်လွှတ်ရရန် သေချာနေပြီဟုလည်း သတင်းများထွက်ပေါ်နေသည်။ 

ယင်းအခြေအနေတွင် တန်ဟက်ဂ်က အသင်းခေါင်းဆောင်ရာထူးအတွက် ကစားသမားများ၏ ဆန္ဒမဲဖြင့် ရွေးချယ်မည် မဟုတ်ဘဲ မိမိ၏ သဘောဆန္ဒဖြင့်သာ ရွေးချယ်မည်ဟု ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

CRD; ELEVEN