မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

ဖြစ်လာသမျှတွေက
လက်ခံရမှာပဲ မဟုတ်လား ။

ဆိုးတာနှင့်ကောင်းတာဟာ
ကိုယ်နဲ့ဆိုင်လို့ ဖြစ်လာတာချည်း
ပါပဲ ။

အဆိုးကိုတော့မလိုချင်ဘူး
အကောင်းကိုပဲ လိုချင်တယ်လို့
တောင်းဆိုထားလို့မှ မရနိုင်တာ ။

ယခုလက်ရှိဘ၀မှာ
ကောင်းအောင်နေပေမယ့်လည်း

အတိတ်က ဘယ်ကံတွေပြုခဲ့မှန်း
ကိုယ်မသိနိုင်ဘူး မဟုတ်လား ။

ကံကြွေးတွေ ရလိုက်တာဟာ
အရင်ဘ၀က ကျေနပ်လို့
ကိုယ်တိုင် လုပ်ခဲ့ကြတာချည်းပါပဲ ။

အဆိုးတွေကို ဒေါမကန်ပါနဲ့
အကြောင်းတွေကိုလှမ်းမျှော်ကြည့်
ပါ ။

ဖြစ်သမျှအကြောင်းတွေဟာ
ကိုယ့်ပယောဂရဲ့မကင်းမှုတွေဆိုတာ
နားလည်းပြီးတော့ ကျေနပ်နေလိုက်ပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏