သံသရာမရှည်စေနဲ့

ဘဝမှာ တစ်ယောက်ယောက်ကြောင့်
နာကျင်မှုတွေ ကြုံခဲ့ရင်
ကိုယ်ယူခဲ့တာ ပြန်ပေးလိုက်ရတာပဲ လို့
သဘောထားလိုက်ပါ။

ကိုယ်ပါသွားလို့ပြန်ယူမယ်ဆိုတဲ့
စိတ်မျိုးမမွေး ပါနဲ့။
သံသရာတွေ ထပ်ရှည်တတ်လို့ပါ။

ကိုယ်ခံလိုက်ရပြီလို့ သိလိုက်တဲ့အချိန်မှာ
အကြွေးတစ်ခု ဆပ်ခွင့်ရလိုက်တာပဲ လို့
ဖြေကြည့်လိုက်ပါ။
ကိုယ်ခံစားရသလို ပြန်ခံစားစေရမယ်
ဆိုတဲ့ စိတ်မျိုးတော့ မဖြစ်ပါစေနဲ့။
အတုံအလှည့်တွေက ထပ်လာနေအုံးမှာပဲလေ။

ကိုယ့်မှာခံစားရတဲ့ ဒုက္ခတွေက
ကြီးလွန်းတဲ့အခါ
ဝဋ်ကြွေးတွေဆပ်နေရတာပဲလို့
သဘောထားပါ။
အတိုးမများခင် ဆပ်ရတာ
ကောင်းတယ်လို့ ကျေနပ်လိုက်ပါ။

ကိုယ်ဒုက္ခကြီးသလို
သူတို့တွေလည်းကြီးပါစေ ဆိုတာမျိုးနဲ့တော့
မတုန့်ပြန်ပါနဲ့။
ဒုက္ခကြီးတွေ ထပ်တိုးနေဦးမယ်။

တကယ်တမ်းတော့ သတ္တဝါတွေမှာ
ကံသာ အားကိုးရှိတာပါ။
ကိုယ့်သံသရာ ကောင်းဖို့
ကိုယ်ပဲလုပ်ရမှာလေ။

ကိုယ့်သံသရာပြတ်ဖို့လည်း
ကိုယ်ပဲ ဖြတ်ရမှာပါ။
ကိုယ့်ဝဋ်ကြွေးတွေ ကျေဖို့
ကိုယ်ပဲ ဆပ်ရမှာလေ။

အကြွေးဆပ်ရင်း အကြွေးတွေ
ထပ်မတင်အောင်ပဲ
သတိနဲ့ ရှောင်ဖို့ပါပဲလေ။ 🙏🙏🙏

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး