စိတ်ဓာတ်ကျခြင်း၊ ဆင်းရဲနွမ်းပါးသည့် ရပ်ကွက်တွင်နေထိုင်ခြင်းတို့ကြောင့် အရွယ်မတိုင်ခင်အိုမင်းရင့်ရော်စေနိုင်


စိတ်ဓာတ်ကျဝေဒနာ ခံစားရခြင်းနဲ့ စီးပွားရေးချိုတဲ့တဲ့ ရပ်ကွက်တွေမှာ နေထိုင်ရခြင်းက အိုမင်းရင့်ရော်ခြင်းကို မြန်ဆန်စေတယ်လို့ လေ့လာမှုတစ်ခုတွေ့ထားပါတယ်။

အိုမင်းရင့်ရော်မှုနှုန်းက လူတစ်ယောက်ရဲ့ နေထိုင်မှုအခြေအနေတွေနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတိုအပေါ် မူတည်နေကြောင်း လေ့လာတွေ့ရှိခဲ့တာဖြစ်ပါတယ်။

စိတ်ဓာတ်ကျခြင်း၊ နေထိုင်မှုနေရာနဲ့ အသက်အရွယ်ကြီးရင့်လာခြင်းတို့ကြား ဆက်စပ်နေပုံကို လေ့လာခဲ့ကြပါတယ်။

အရင်လေ့လာချက်ရှိ စမ်းသပ်ခံသူ ၁,၄၄၅ ဦးမှ ဆင့်ပွားအချက်အလက်များနဲ့ အသက် ၄၅ နှစ်မှ ၈၅ နှစ်ကြား လူပေါင်း ၅ သောင်းထံမှ မူလအချက်အလက်များကို စုဆောင်းခဲ့ကြပါတယ်။

ဒီစမ်းသပ်ခံတွေကိုပဲ နှစ် ၂၀ ကြာလေ့လာပြီးနောက် မျိုးရိုးဗီဇပြောင်းလဲမှုတွေက အချိန်နဲ့အမျှ တည်ငြိမ်မှုရှိမရှိ ဆုံးဖြတ်နိုင်မှာဖြစ်ကြောင်း အလျင်အမြန်အိုမင်းခြင်းကို ဖြစ်စေတဲ့လုပ်ငန်းစဉ်တွေကို ဒီထက်ပိုမိုသုံးသပ်သွားမှာဖြစ်ကြောင်း စာတမ်းပြုစုသူ ပရော်ဖက်ဆာပါမိုင်ဒါရေနာက ပြောပြသွားပါတယ်။

စိတ်ဓာတ်ကျခြင်းကြောင့် ခန္ဓာကိုယ်ဇီဝကမ္မလက္ခဏာတွေမှာ ပြောင်းလဲမှုဖြစ်စေပြီး အရွယ်မတိုင်ခင်အိုမင်းခြင်းကို ဖြစ်စေနိုင်ကြောင်း ကောက်ချက်ချကြပါတယ်။

လူမှုပေါင်းသင်းရေးအဆင်မပြေခြင်း၊ ရင်းမြစ်ချိုတဲ့ခြင်းတို့ကြောင့် အတိုင်းအတာပေါ်မူတည်ပြီး တစ်နှစ်လောက်စောတဲ့အထိ သေဆုံးမှုနှုန်းမြင့်မားစေနိုင်ပါတယ်။

DNA မီသိုင်လေးရှင်းခန့်မှန်းချက် ၂ မျိုးဖြင့် ဆဲလ်အဆင့်အိုမင်းခြင်း၊ လက်ရှိအသက်အရွယ်နဲ့ ဇီဝဖြစ်ပျက်အသက်အရွယ်တို့ကြား ကွာခြားချက်ကို ခန့်မှန်းခြင်းတို ပြုလုပ်ပါတယ်။

မြို့ပြနေရာတွေမှာ နေထိုင်မှုအဆင့်အတန်းချိုတဲ့ခြင်း၊ စိတ်ဓာတ်ကျလက္ခဏာပေါ်ခြင်းတို့ကြောင့် အရွယ်မတိုင်ခင်အိုမင်းခြင်း ဖြစ်ပေါ်ကြောင်း အထောက်အထားတွေ့ရှိထားပါတယ်။