ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၈-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၉-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၁,၄၁၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၃၀) ဦး တွေ့ရှိရ၍ ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၁.၁၄) ရာခိုင်နှုန်းရှိပါတယ် .။ ဧပြီလ ၂၉ ရက်နေ့မှာ COVID-19 ရောဂါဖြင့်သေဆုံးသူ (၁) ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၄၉၂) ဦး ရှိကြောင်းသိရပါတယ်.။ ကိုဗစ်ရောဂါပိုးပြန်အစပျိုးလာပြီဖြစ်လို့ လက်ဆေးကြဖို့နဲ့ Mask တပ်ကြဖို့ သတိပေးလိုက်ပါတယ်.။
ဆက်စပ်အကြောင်းအရာများ
သွေးလေးဖက်နာ ရှိသူများအတွက် ဆောင်ရန် ရှောင်ရန်အချက်များ
- ရှင်ယွန်း
- November 26, 2022
ဒီနေ့မှာတော့ သွေးဖက်နာရှိရင် ဘယ်လိုနေထိုင်စားသောက်သင့်သလဲဆိုတာကို ပြောပြပေးမှာပါ။ နာတာရှည်ရောဂါဖြစ်တဲ့အတွက်ဆရာဝန်ချည်းပဲ အားကိုးနေလို့ မရပါဘူး။ ဆေးတွေပဲ သောက်နေတာထက်စာရင် ကိုယ်ကလည်း ကိုယ်တတ်နိုင်တဲ့ဘက်ကလုပ်နိုင်တာလေးတွေ လိုက်လုပ်ရမှာပါ။ ဒါက ဆေးကုသမှုကို အထောက်အကူဖြစ်သလို […]
ဝမ်းလျှောခြင်းကို အိမ်တွင် သက်သာစေရန် အကောင်းဆုံး နည်းလမ်းများ
- ပုည
- June 21, 2023
ဝမ်းလျှောခြင်းသည် ဘဝတွင် အကြိမ်ရေများစွာ ခံစားရ သော ကျန်းမာရေး အခြေအနေတစ်ခု ဖြစ်သည်။ ဝမ်းလျှော ခြင်းသည် အဖြစ်များသော ပြဿနာတစ်ခုဖြစ်သော်လည်း အချိန်မီ သေချာမကုသပါက ဆိုးကျိုးများစွာ […]
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုများကို အကြိမ်ပြည့်ထိုးနှံရေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများကို မပျက်မကွက် ထိုးနှံရန်လိုအပ်
- ပုည
- October 4, 2022
၃-၁၀-၂၀၂၂ ရက်တွင် ကိုဗစ်-၁၉ ရောဂါဓါတ်ခွဲ အတည်ပြုလူနာသစ် ၃၇၈ ဦး တွေ့ရှိခဲ့ပါတယ်။ ရောဂါပိုးတွေ့ရှိမှုမှာ ၂.၈၈ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသည့် […]