ပိတ်ရက်မှာ ဟင်းချက်စားရအောင်

သက်သတ်လွတ် ငံပြာရည်ချက်

ဒါလေးကတော့ ငါးပိ၊ ငံပြာရည်မပါရင် ထမင်းမမြိန်တတ်တဲ့သူတွေအတွတ် အတော်လေးအဆင်ပြေစေတဲ့ သက်သတ် လွတ်အရံဟင်းတစ်မည်ပါရှင်။

ပါဝင်ပစ္စည်းများ
သကြား – စားပွဲဇွန်း ၂ ဇွန်း
ဆား – စားပွဲဇွန်း ၁ ဇွန်း
ဆီ – ၂ ကျပ်ခွဲသား
ငရုတ်ခွဲခြမ်း – စားပွဲဇွန်း ၂ ဇွန်း
ကြက်သွန်နီကြော် – အကြမ်းပန်းကန် ၁ လုံးခွဲ
ကြက်သွန်ဖြူ – ၂ ဥ
နနွင်း – အနည်းငယ်
အရသာမှုန့် – အနည်းငယ်

ချက်နည်း
အရင်ဆုံး ဆားကို ပြာလာသည်အထိ လှော်ပြီး ဆယ်ထားပါ။ ဒယ်အိုးပူထဲ သကြားထည့်ပြီး လှော်ပါ။သကြားတွေ အရည်ပျော်ပြီး ညိုလာလျှင် လှော်ထား
သော ဆားပြန်ထည့်ပါ။ ရေနွေးအကြမ်း ပန်းကန် ၃ လုံးခန့် ထည့်ပြီး ပွက်ပွက် ဆူလာလျှင် မီးဖိုပေါ်မှ ချထားပါ။ ငံပြာရည်ရပါပြီ။ ကြက်သွန်ဖြူကို ထောင်းပြီး နနွင်းအနည်းငယ်နှင့်အတူ ဆီသတ်ပါ။ မွှေးပြီး အရောင်ပြောင်းလာလျှင် ငရုတ်ခွဲ ခြမ်း ထည့်ပါ။ ကျိုထားသော ငံပြာရည်ထည့်ပါ။ ကြက်သွန်နီကြော်များ ခြေထည့်ပါ။ အရသာမှုန့်အနည်းငယ်ထည့်ပါ။ မပျစ်မကျဲ အနေထားရရင် ရပါပြီ။