မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

ကိုယ့်ကိုယ်ကို မေးပေးပါ

ကိုယ့်ကိုယ်ကိုကောင်းတဲ့ဘက်မှာ
ရှိနေရဲ့လားလို မေးဖို့လိုပါတယ် ။

တစ်ပါးသူတွေ ကောင်းမကောင်း
ကိုယ်နှင့် လုံး၀မဆိုင်တာမို့လို့

သူများမကောင်းတာကို
အပြစ်မြင်ပြီး အကုသိုလ်မယူပါနဲ့ ။

သူများရဲ့ ပျက်စီးမှုကိုကြည့်ပြီး
သံဝေဂယူလို့ ကုသိုလ်တွေရပါစေ ။

သူများရဲ့ဘ၀ကို
သူများကံကတာ၀န်ယူမှာဖြစ်သလို

ကိုယ့်ဘ၀ကိုလည်း
ကိုယ့်ကံကတာ၀န်ယူပေးကြမှာပါ ။

ရပ်တည်မှု စိတ်ထားမကောင်းရင်
ကိုယ့်ဘ၀ဟာလည်း
ပိတ်ဆုံးမှာ ရောက်သွားတတ်လို့

စိတ်ထားကောင်းမွေးပြီးတော့
ထိပ်ဆုံးရောက်အောင်ကြိုးစားပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏