တစ်သျူးငှက်ပျောမျိုးပွားနည်း

တစ်သျူးငှက်ပျော၏ အားသာချက်တွေက ဘာလဲ။ တစ်သျူးငှက်ပျောပင် စိုက်ပျိုးခြင်း၏ အားသာချက်များမှာ
အပင်ညီခြင်း၊ အသီးညီခြင်း၊ အပင်စိပ်စိပ် စိုက်ပျိုးနိုင်ခြင်း၊ စနစ်ကျခြင်း၊ အထွက်နုန်းကို လွယ်ကူစွာခန့်မှန်းနိုင်ခြင်းစသော အကျိုးဖြစ်ပါတယ်။
ယခင် ဝယ်ယူစိုက်ပျိုးနေကြသော သားတက်များမာ အပင်၏ သားတက်ကို ခုတ်ယူပြီးစိုက်ရသော အပင်ဖြစ်သည်။
တစ်သျူးငှက်ပျောဆိုသည်မှာ စနစ်တကျ ပျိုးအိတ်ဖြင့် ပျိုး၊ အစာရေစာ ပုံမှန်ပြုစု ပျိုးထောင်ထားသော ပျိုးပင်ဖြစ်သည်။
ငှက်ပျောအမြစ်တုံးကို ခေါင်းဖုလေးတွေပါအောင် ဖြတ်ယူပြီး ပျိုးအိတ်မှာ စနစ်တကျပျိုးယူရသည်။
လိုအပ်သောပစ္စည်းများ
(၁) ဓားထက်ထက်တစ်ချောင်း
(၂) ငှက်ပျောအမြစ်တုံး
(၃) မှိုဆေးတစ်မျိုးမျိုး (ပျိုးပင်ငယ်များ မိုရောဂါ ကာကွယ်ရန်)
(၄) ပျိုးအိတ် (သို့) ပျိုးဘောင်
ဘယ်လိုမျိုးပွားမလဲ
အရင်ဆုံး ငှက်ပျောအမြစ်တုံးကို အတက်ထွက်နိုင်မည့် ခေါင်းဖုလေးတွေပါအောင် အစိတ်လေးတွေ စိတ်ပေးရမည်။
၄င်းတို့ကို မှိုသတ်ဆေးတစ်မျိုးမျိုးကို သုံးစွဲပုံအညွန်းအတိုင်း ရေတွင် ၅ မိနစ်ခန့် စိမ်ပေးရမည်။
အချိန်ပြည့်သော် ပျိုးဘောင်ပေါ်တွင် တစ်ခုခြင်းစီ အစဉ်လိုက် ထည့်ပေးရမည်။ (ပျိုးအိတ်ထဲ တစ်ပါတည်း ထည့်ပြီးလည်း
ပျိုးယူနိုင်သည်။) ၁ – ၂ ပတ်ခန့် ကြာသော် အညောင့်လေးများ ထွက်လာပါလိမ့်မည်။ ဘောင်ဖြင့် ပျိုးသော် ၂ ပတ်၊
၃ပတ်သားများကိူ အိတ်ထဲသို့ထည့်ပေးရမည်။ ၂ -၃ လ ဆို မြေချစိုက်ပျိုး နိုင်ပါပြီ။
ပျိုးအိတ်မြေ ဘယ်လိုပြင်ဆင်မလဲ
ပျိုးမြေဆက်ရန်အတွက် ထွေထွေထူးထူး မလိုအပ်ပေ။ သို့သော် ပိုမိုစနစ်ကျစေရန် အကောင်းဆုံး စပ်လိုပါက မြေသား ၂ဆ၊
ဖွဲပြာ ၂ဆ၊ နွားချေး ၁ ဆ ရောပြီး ပျိုးနိုင်သည်။ နွားချေးမထည့်လိုလျင် မြေသားနဲ့ ဖွဲပြာ ဆတူဆို လုံလောက်ပါသည်။
ပျိုးပင်တွေကို ဘယ်လိုပြုစုမလဲ
အပင်စထွက်ချိန် ၁ -၂ ပတ်သားမ စပြီး ရွက်ဖြန်းဆေး တစ်မျိုးမျိုး လိုက်ပေးရမည်။ ငါးအမိုင်နို၊ သစ်သီးအမိုင်နို တစ်မျိုးမျိုးဖြန်းနိုင်သည်။
အစပိုင်း၌ ဆေးကို ရေအဆများများရောပြီး ၂ လသားမ စတင်ကာ ဆေးကို အနည်းငယ် ပိုစပ်ပေးရမည်။
မိမိကိုယ်တိုင် စိုက်ပျိုးရန်ဖြစ်စေ၊ စီးပွားဖြစ်ရောင်းချရန်ဖြစ်စေ စိုက်ပျိုးနိုင်ပါကြောင်း အသိပေးနိုးဆော် ရေးသားလိုက်ရပါသည်။