PDF တို့ရဲ့ ဆရာ/ဆရာမများကို အကြမ်းဖက်တိုက်ခိုက်မှု

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အင်းရွာရပ်ကွက်တွင်နေသည့် ယင်းမာပင်ခရိုင်ပညာရေးမှူး ဒေါ်သီတာ ချိုကို PDF များမှ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၂ ရက်နေ့တွင် ခရိုင်ပညာရေးမှူး ဒေါ်သီတာချိုမှာ အ-ထ-က (၃) ကျောင်းမှ ၎င်း နေထိုင်သည့် နေအိမ်သို့ပြန်လာစဉ် နေအိမ်၏ တံခါးဝ၌ PDF များမှ သေနတ် (၂) ချက်ဖြင့် ပစ်ခတ်ရာ ထို ခရိုင်ပညာရေးမှူး ဒေါ်သီတာချိုမှာ အခင်းနေရာတွင် သေဆုံးသွားကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်အတူ ဇူလိုင်လ ၇ ရက်နေ့တွင် ယင်းမာပင်မြို့ရှိ စာသင်ကျောင်းကို PDF များမှ Drone ဖြင့် ၂ ကြိမ်တိတိ ပစ်ချတိုက်ခိုက်မှုများ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အတူ ပြီးခဲ့သည့်နှစ်က ဒီပဲယင်းမြို့၊ မရကန်ကျေးရွာတွင်နေသည့် (မုံရွာခရိုင်ပညာရေးမှူး-ငြိမ်း) ဆရာကြီး ဦးသန်းညိုကို PDF များမှသတ်ဖြတ်သွားသည့် ဖြစ်စဉ်များလည်းရှိခဲ့သည်။