နိုင်ငံအသီးသီးမှ စိန်ရတုလွတ်လပ်‌ရေးနေ့ ချစ်ကြည်ရေးသဝဏ်လွှာများပေးပို့

ရုရှားသမ္မတ၏ သဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးအခါသမယတွင် မိမိအနေဖြင့် အဆွေတော်ထံသို လှိက်လှဲစွာ
နှုတ်ခွန်းဆက်သအပ်ပါသည်။
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတိုကိုစည်းနှောင်းထားသည့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ
အတွင်း ဗလာဒီဗော့စတော့မြို၌ မိမိတို၏နှစ်ဖက်တွေ့ဆုံမှုက အပြည့်အဝခိုင်မာစေခဲ့ပါသည်။
နှစ်နိုင်ငံအကြား ရရှိထားပြီးဖြစ်သည့် သဘောတူညီချက်များသည် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားနှင့် ဒေသတွင်း
တည်ငြိမ်မှုနှင့် လုံခြုံမှုတိုးမြှင့်စေရေးတိုအတွက် နယ်ပယ်စုံရှိ နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုဖွံဖြိုးတိုးတက်စေနိုင်ရန်
အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါသည်။
အဆွေတော်ကျန်းမာ၍ အောင်မြင်မှုများရရှိပါစေကြောင်းနှင့် မြန်မာပြည်သူများ ငြိမ်းချမ်း သာယာဝပြောပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ကမ္ဘောဒီးယားနိုင်ငံမှ သဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ကမ္ဘောဒီးယားပြည်သူများ
နှင့်အတူ မိမိအနေဖြင့် အဆွေတော်နှင့် မြန်မာပြည်သူ များထံသို ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် နှုတ်ခွန်းဆက်သပါ
ကြောင်း ပြောကြားလိုပါသည်။
လွန်ခဲ့သည့်နှစ်ပေါင်း (၆၇)နှစ်ကျော်ကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် အပြန်အလှန်လေးစားမှု
နှင့် နားလည်မှုတို့ကို အခြေခံ၍ နွေးထွေးချစ်ကြည်သည့် ဆက်ဆံရေးများ ရှိခဲ့ကြပါသည်။ မိမိတိုနှစ်နိုင်ငံအနေဖြင့်
ကုလသမဂ္ဂနှင့် အာဆီယံအပါအဝင် အခြားသော ဒေသတွင်းနှင့် နိုင်ငံတကာအ့အစည်းများ မူဘောင်အောက်မှ
ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများအား ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားနိုင်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။
အဆွေတော် ကျန်းမာပျော်ရွှင်ပါစေကြောင်းနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တိုးတက်သာယာဝပြောစေရေးအတွက်
ဆုမွန်ကောင်းပိုသအပ်ပါသည်။
အဆွေတော်အား အစဉ်ချစ်ကြည်လေးစားလျက်ရှိပါသည်။
နီပေါနိုင်ငံသမ္မတ၏ သဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခါသမယတွင် မိမိအနေဖြင့်
ဂုဏ်ယူဝမ်းမြောက်ပါကြောင်း အဆွေတော်နှင့် မြန်မာပြည်သူပြည်သားများအတွက် ဆုမွန်ကောင်းပို့သအပ်ပါသည်။
အဆွေတော်အနေဖြင့် ကျန်းမာရွှင်လန်းပါစေကြောင်းနှင့် မြန်မာပြည်သူများလည်း တိုးတက်သာယာဝပြောပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါသည်။
နီပေါနိုင်ငံ ဝန်ကြီးချုပ်၏ သဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခါသမယတွင် နီပေါပြည်သူများ
နှင့် နီပေါအစိုးရကိုယ်စား မိမိအနေဖြင့် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း အဆွေတော်နှင့် မြန်မာပြည်သူပြည်သားများ
အတွက် ဆုမွန်ကောင်း ပိုသအပ်ပါသည်။ အဆွေတော်အနေဖြင့် ကျန်းမာရွှင်လန်းပါစေကြောင်းနှင့် ချစ်ခင်ရင်းနှီးသည့်
မြန်မာပြည်သူများလည်း ဆက်လက်သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။