မင်္ဂလာရှိသော နေ့သစ်လေးဖြစ်ပါစေ

တိုင်းတာမှုတွေမှားသွားရင်

လူတစ်ယောက်ရဲ့တန်ဖိုးကို
ဆင်းရဲခြင်းတွေ/ ချမ်းသာခြင်းတွေ
အောင်မြင်မှုတွေနဲ့ မတိုင်းတာလိုက်
ပါနဲ့

လူတစ်ယောက်ရဲ့
တန်ဖိုးအစစ်အမှန် မဟုတ်ပါဘူး

လူတစ်ယောက်ရဲ့
တန်ဖိုး အစစ်အမှန် ဆိုတာက

သူ့ရဲ့ရိုးသားခြင်း
သူ့ရဲ့သစ္စာရှိခြင်း
သူ့ရဲ့ပညာအရည်အချင်း
သူ့ရဲ့ ကတိတည်းခြင်းတွေပဲ ဖြစ်
ပါတယ်

အပေါ်ယံ
အောင်မြင်မှုတွေကြည့်ပြီး

လူတစ်ယောက်ရဲ့
တန်ဖိုးကို မဆုံးဖြတ်လိုက်ပါနဲ့

လောကမှာ
တိုင်းတာမှုတွေ မှားခဲ့ကြလို့
တန်ဖိုးရှိတဲ့သူတွေ
အရည်အချင်းရှိတဲ့ သူတွေကို
လက်လွှတ် ဆုံးရှုံးသွားခဲ့ကြရတယ်

ဒါကြောင့်
တန်ဖိုးရှိတဲ့သူတွေ
အရည်အချင်းရှိတဲ့သူတွေကို
လက်လွှတ်ဆုံးရှုံးရမှာ ကြောက်ရင်

လူတစ်ယောက်ကို
အပေါ်ယံပဲကြည့်ပြီး
ဘယ်တော့မှ တန်ဖိုးမဖြတ်မိပါစေနဲ့

🙏အရှင်ဇဝန (ရွှေကုန်းမြေ)🙏