လုံခြုံရေးတပ်ဖွဲ့ဝင်များက ရွာ ၂ ရွာကို မီးရှို့တယ်လို့ Khit Thit မှ သတင်းအမှားရေး

သြဂုတ်လ ၂ ရက်နေ့တွင် စစ်တပ်က ပခုက္ကူမြို့နယ်ရှိ ဖလံအိုရွာနှင့် ချောင်းခွရွာတို့ကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တပ်စစ်ကြောင်းနှင့်အတူ ဇီးကုန်း၊ ရှင်မကန်၊ မန်ကျည်းကန်၊ အောင်သာကျေးရွာများမှ ပျူစောထီးများလည်း ပါဝင်ကြောင်း DVB မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ သြဂုတ်လ ၂ ရက်နေ့၌ ပခုက္ကူမြို့နယ်ရှိ ဖလံအိုရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များ ထိတွေ့တိုက်ပွဲခဏတာဖြစ်ခဲ့ပြီး PDF များထွက်ပြေးသောကြောင့် လိုက်လံရှင်းလင်းရာ လက်လုပ်သေနတ် ၂ လက်၊ လက်လုပ်ပစ္စတို ၁ လက်၊ ၁၂ ဗို့ကျည် ၆၀ တောင့်၊ လက်လုပ်မိုင်း ၂ လုံးနှင့် ခဲယမ်းဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိသွားကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ Khit Thit မှ PDF များက လက်နက်ခဲယမ်းတွေထားခဲ့ပြီး ထွက်ပြေးသွားတာကို အမှန်မရေးဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရွာကိုမီးရှို့တယ်ဆိုပြီး အရှက်မဲ့စွာ အပုတ်ချရေးသားထားခြင်းသာဖြစ်ပါတယ်။