တပ်မတော်တွင် ကလေးစစ်သား မရှိစေရေး ဆောင်ရွက်လျက်ရှိ

တပ်မတော် အနေဖြင့် တပ်သားသစ်စုဆောင်းရာတွင် အရွယ်မရောက်သေးသည့် ကလေးစစ်သားများ တာဝန်ထမ်းဆောင်မှု မရှိစေရေးအတွက် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်ဆန်းက ပြောကြားသည်။

ဒီဇင်ဘာ (၁၉) ရက် မွန်းလွဲပိုင်းတွင်ပြုလုပ်သည့် ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းရေးကော်မတီ အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ ဖြစ်သည့် ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်သို့ ဝင်ရောက်လာသည့် လူငယ်များအား အရိုးဓာတ်မှန်ရိုက်၍ စိစစ်ပြီးအသက်မပြည့်ကြောင်း သံသယရှိသူများကို လက်ခံခြင်း မရှိဘဲ နေရပ်သို ပြန်လည် စေလွှတ်လျက်ရှိကြောင်း သိရသည်။