မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷ကုသိုလ်ဟာ အဖော်ကောင်းပါ🌷

တိုလွန်းစွာ ရှင်သန်နေရတဲ့လူ့ဘ၀ကို
ကုသိုလ်တရား အဖော်များနဲ့
ပျော်တတ်အောင်ကြိုးစားထားပါ ။

အခြားအဖော်အပျော်တွေဆိုတာ
ငွေကုန်ခံနိုင်ပြီးကျန်းမာမှရနိုင်တာပါ ။

ပိုက်ဆံတွေ မရှာနိုင်တော့ဘူး
မကျန်းမာတော့ဘူးဆိုရင်

သွားချင်တိုင်းလည်းမသွားရ
စားချင်တိုင်းလည်းမစားရနဲ့
ဘ၀ဟာ အပျော်မရှိနိုင်တော့ပါဘူး ။

လောကသူငယ်ချင်းအဖော်တွေဆိုတာ
အတိုင်းတာတစ်ခုအထိပဲ
ကိုယ့်အနားမှာ ရှိနေပေးနိုင်ကြတာပါ ။

တရားကုသိုလ်အဖော်ကတော့
ဘယ်သူမှမရှိလည်း
ကိုယ့်ကိုချမ်းသာမှုနဲ့အဖော်ပြုနေမှာပါ ။

ကိုယ့်စိတ်က အားငယ်အထိီးကျန်လာရင်
တရားနဲ့ပဲ နှစ်သိမ့်ပြီးတော့
အေးချမ်းအောင် ကြိုးစားရမှာဖြစ်လို့

အရွယ်သုံးပါးလုံးကို
ကုသိုလ်တရားအဖော်တွေနဲ့တွဲပြီးတော့
ကိုယ့်ဘ၀ကို တည်ဆောက်ထားပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏