လာအိုနိုင်ငံတွင် ဗုဒ္ဓရုပ်ပွားတော်များတူးဖော်တွေ့ရှိ

လာအိုနိုင်ငံ ချင်းဆန်မြို့ အနီးရှိ မဲခေါင်မြစ်တွင် ဗုဒ္ဓရုပ်ပွားတော်များကို တူးဖော်တွေ့ရှိခဲ့ပြီး လာအိုပြည်သူများ၊ ရဟန်းသံဃာတော်များ၊ သာမဏေများမှ လာရောက် ​ဖူးမျှော်မှုများပြားနေကြောင်း သိရသည်။

Chiang Saen ခရိုင်အရှေ့ဘက် ဆိပ်ခံတံတားနှင့် ဆန့်ကျင်ဘက်တွင် တည်ရှိသည့် Don Phueng New Market အဆောက်အဦးရှေ့ရှိ ရေခန်းခြောက်နေသည့် မဲခေါင်မြစ်ကမ်းနားတွင်တူးဖော်တွေ့ရှိရကြောင်း လာအိုဘက်ကလာသည့်သတင်းများအရ သိရသည်။

တူးဖော်ရရှိသည့် ဗုဒ္ဓရုပ်ပွားတော်သုံးဆူနှင့် ဘုရားရုပ်ပွားတော်ငယ်များမှာ ရှေးဟောင်း ကြေးရုပ်ပွားတော်များဖြစ်ကြပြီး

ရုပ်ပွားတော်ကြီးတစ်ဆူမှာ ရင်ခွင်အရွယ်အစား 25 လက်မ (ဦးခေါင်းမပါသောရုပ်ပွားတော်) အရွယ်အစား 32 လက်မအထက်ရှိသည့် ဦးခေါင်းနှင့်အတူပါရှိသောရုပ်ပွားတော် အခြား ဗုဒ္ဓရုပ်ပွားတော်ငယ်သုံးဆူ၊ အဆောင်လက်ဖွဲ့အချို့နှင့် ဗောဓိရွက်တစ်ဆူတို့ကို တူးဖော်ရရှိခဲ့ကြကြောင်း သိရသည်။

အဆိုပါ ရုပ်ပွားတော်များအား ယာယီတဲများတွင် ယာယီထားရှိရန် လာအိုအာဏာပိုင်များက စီစဥ်ထားကြောင်း သိရသည်။

မဲခေါင်မြစ်အတွင်းရှိ သဲတွင်းကြီးတစ်ခုအတွင်းမှ ဗုဒ္ဓရုပ်ပွားတော်အား လာအိုလူမျိုးများက ဆွဲထုတ်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

ဗုဒ္ဓရုပ်ပွားတော်များသည် မည်သည့်ခေတ်ကဖြစ်ကြောင်းနှင့် ဖြစ်မည်နည်း။ မည့်သည့်အနုပညာဆိုသည်ကို လာအိုတာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိသည်။

လာရောက်ကြည့်ရှု့သည့် လာအိုလူမျိုးများမှ အဆိုပါ ​ဗုဒ္ဓရုပ်ပွားတော် များမှာ သက်တမ်း နှစ် ၄၀၀ မှ ၅၀၀ ရှိသော ချင်းဆန်ခေတ် ဗုဒ္ဓရုပ်ပွားတော် ဖြစ်မည်ဟု ခန့်မှန်းနေကြသည်။

PAN