မတ်လ ၈ ရက်နေ့မှုခင်းသတင်းများ

-မတ်လ ၇ ရက်နေ့ ၁၄၀၅ နာရီတွင် မြဝတီမြို့နယ်၊ ရွာသစ်ကျေးရွာနေ ဒေါ်ဇင်မာထွန်း(၃၇)နှစ်၊ ဦးဆန်းထွန်း(၃၃)နှစ်၊ ဦးချစ်မိုး(၂၅)နှစ်၊ ဦးချစ်နိုင်(၂၁)နှစ်တို့သည် ကျေးရွာအတွင်း လမ်းလျှောက်နေစဉ် အကြမ်းဖက်အဖွဲ့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ရာ ဒေါ်ဇင်မာထွန်းတွင် ယာရင်အုံ၊ လည်ပင်းပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီး ဦးချစ်မိုးတွင် ယာမျက်လုံးဗုံးစဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ)၊ ဦးဆန်းထွန်းတွင် ဝဲခြေဖနောင့်ဗုံးစဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ)၊ ဦးချစ်နိုင်တွင် ယာရင်အုံ၊ ဝဲခြေထောက် ဗုံးစဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ)တို့ရရှိခဲ့။

-မတ်လ ၇ ရက် ၀၈၀၀ နာရီတွင် အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ အကွက်(၁၀၆)၊ ၂၂ လမ်းနှင့် ကမ်းနားလမ်းထောင့်၊ ဓာတ်တိုင်အောက်ရှိ CCTV Control ပုံးအနီးသို့ အကြမ်းဖက် PDF ၁ ဦး ရောက်ရှိလာပြီး လက်လုပ်မိုင်း ၁ လုံးဖြင့် ဖောက်ခွဲဖျက်ဆီး၍ ထွက်ပြေးသွားခဲ့ရာ CCTV Control ပုံး အောက်ခံ အုတ်ခုံ ကျိုးပဲ့ပျက်ဆီး၊ Control ပုံးနှင့် သွယ်တန်းထားသည့် ဝါယာကြိုး ၄ ချောင်းအနက် ၂ ချောင်း ပျက်ဆီး၊ CCTV control ပုံးတွင်းရှိ ဆားကစ်ပြားပျက်ဆီးသွားခဲ့>