ကလေးမြို့၊ တောင်ဖီလာရပ်ကွက်တွင် PDF များ၏ လက်လုပ်မိုင်းများအား ဖော်ထုတ်ရှင်းလင်း

ကလေးမြို့၊ တောင်ဖီလာရပ်ကွက်ရှိ လမ်းဘေး၌ PDF များက အပြစ်မဲ့ပြည်သူများအား ထိခိုက် သေကြေစေရန်ရည်ရွယ်၍ လက်လုပ်မိုင်းများအား ထောင်ထားကြောင်း တာဝန်သိပြည်သူ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ၎င်းလမ်းဘေး၌ ဘတ္ထရီအိုးနှင့် တွဲလျက် တပ်ဆင်ထားသည့် လက်လုပ်မိုင်း ၂ လုံးအား တွေ့ရှိခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက စနစ်တကျ ပစ်ခတ်ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ၎င်းဖောက်ခွဲမှုကြောင့် လူ/အဆောက်အဦး ထိခိုက်မှုမရှိကြောင်း သိရှိရပါသည်။