၂၀၂၂ ခုနှစ် တက္ကသိုလ်စာမေးပွဲ အောင်မြင်ခဲ့ကြသူများ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို နိုဝင်ဘာလ ၁၀ ရက်မှစ၍ လက်ခံဆောင်ရွက်မည်

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသူများအတွက် ပထမနှစ်(ပထမနှစ်ဝက်) ဝင်ခွင့်ရသူများ စာရင်းကို ၃-၁၁-၂၀၂၂ ရက်တွင် သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏ Website များတွင် ဖော်ပြပေးမည်ဖြစ်ပြီး ကျောင်းဝင်မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်များတွင် ၁၀-၁၁-၂၀၂၂ ရက်မှ ၉-၁၂-၂၀၂၂ ရက်အထိ (စနေနှင့် တနင်္ဂနွေနေ့များအပါ) လက်ခံဆောင်ရွက်ပေးမယ်လို့ သိရှိရပါတယ်။

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)ကလည်း ပထမနှစ်(ပထမနှစ်ဝက်) ဝင်ခွင့်ရ ကျောင်းသား/ကျောင်းသူများ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို နိုဝင်ဘာလ ၁၀ ရက်နေ့မှ စတင်လက်ခံပေးသွားမှာဖြစ်တယ်လို့ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။