၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၁၆ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲများ ကျင်းပလျက်ရှိ

၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ယူ-၁၆ (အမျိုးသား) ဘောလုံးပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်ကို နိုဝင်ဘာလ ၂ ရက်နေ့က နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးကို ၆ ဂိုး-၅ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး တတိယဆုကို ရရှိခဲ့ပါတယ်။

ယနေ့ နိုဝင်ဘာလ ၃ ရက် ညနေ ၃ နာရီတွင် ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ မကွေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ သွားရောက်ကြည့်ရှုနိုင်တယ်လို့ သိရှိရပါတယ်။

နိုဝင်ဘာလ ၃ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV-HD၊ MRTV Sports Channel နှင့် မြန်မာ့အသံရေဒီယိုတို့တွင် လည်းကောင်း တိုက်ရိုက် (Live) ရိုက်ကူး ထုတ်လွှင့်ပေးသွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။