ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိထိတ်လန့်စေရန်နှင့် မြန်မာငွေဈေးကျစေရန် လှုံ့ဆော်ရေးသားလျက်ရှိနေ

တကယ့်အမှန်က မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ ဖေဖော်ဝါရီလမှာ FATF က ချိုယွင်းချက်တွေကိုကုစားဖို Action Plan တွေကို လုပ်ဆောင်ပါမယ်လို ကတိပြုထားခဲ့ပါတယ်။

အဲဒီ Action Plan ကို ၂၀၂၁ စက်တာဘာလ မတိုင်မီလုပ်ဆောင်ရမှာဖြစ်ပါတယ်။ အခြေအနေအမျိုးမျိုးကြောင့် အောက်တိုဘာ ၂၀၂၂ ခုနှစ်အထိ နောက်ဆုတ်ပေးခဲ့ပေမယ့်

မလုပ်ဆောင်နိုင်သေးတဲ့အတွက် Action Plan လုပ်ဆောင်ပြီးတဲ့အထိပဲ Black List ထဲ ခဏထည့်ထားတဲ့သဘောပါ။
Action Plan က အောက်ပါ အချက် ၈ ချက်ဖြစ်ပါတယ်-
၁။ အဓိကနယ်ပယ်များတွင် ငွေကြေးခဝါချမှုရဲ့ အန္တရာယ်များကို နားလည်သဘောပေါက်အောင် မြှင့်တင်နေသည်ကို လုပ်ဆောင်ပြခြင်း၊
၂။ On site/ off site စစ်ဆေးခြင်းများသည် အန္တရာယ်ကို အခြေခံကြောင်း နှင့် Hundi အော်ပရေတာများကို မှတ်ပုံတင်ပြီး ကြီးကြပ်ခြင်းကို လုပ်ဆောင်ပြခြင်း။
၃။ တရားဥပဒေစိုးမိုးရေးအဖွဲအစည်းတွေရဲ စုံစမ်းစစ်ဆေးမှုများတွင် ငွေကြေးဆိုင်ရာ ထောက်လှမ်းရေး တိုးမြှင့်အသုံးပြုမှုနှင့်
ငွေကြေးဆိုင်ရာထောက်လှမ်းရေးတပ်ဖွဲ မှ လုပ်ငန်းဆောင်ရွက်မှုခွဲခြမ်းစိတ်ဖြာခြင်းနှင့် ဖြန့်ဝေခြင်းတိုကို တိုးမြှင့်ခြင်း တိုကို လုပ်ဆောင်ပြခြင်း။
၄။ ငွေကြေးခဝါချမှုကို အချိန်နှင့်တစ်ပြေးညီ စုံစမ်းစစ်ဆေးခြင်း/တရားစွဲဆိုခြင်းတိုကို သေချာစေခြင်း၊
၅။ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံဖြတ်ကျော် ငွေကြေးခဝါချတဲ့ အမှုများကို စုံစမ်းစစ်ဆေးခြင်များ လုပ်ဆောင်ပြခြင်း။
၆။ ရာဇဝတ်မှုဆိုင်ရာ ရငွေများ၊ ကိရိယာတန်ဆာပလာများ၊ သိုမဟုတ် တန်ဖိုးရှိသော ပစ္စည်းများကို ထိန်းသိမ်းခြင်း Freeze/ သိမ်းဆည်းခြင်းများကို တိုးမြှင့်လုပ်ဆောင်ပြခြင်း။
၇။ သိမ်းဆည်းရမိပစ္စည်းများကို မသိမ်းယူမီအချိန်အထိ ကောင်းမွန်စွာ စီမံခန့်ခွဲခြင်း။
၈။ ငွေကြေးတိုးပွား‌ေရးနှင့် ပတ်သက်သော ဘဏ္ဍာရေး ပိတ်ဆိုမှုများကို အဓိကထား အကောင်အထည်ဖော်ရန် ဆောင်ရွက်ခြင်းတို ဖြစ်ပါတယ်။
ဖြည့်စွက်။ ။အထက်ဖော်ပြပါ အချက်များအား လုပ်ဆောင်ထားမှုများစွာရှိပြီး ပြန်လည်တင်ပြရန် အချိန်အနည်းငယ်အတွင်း လုပ်ဆောင်နိုင်မှာဖြစ်တယ်လို ယူဆရပါတယ်။ ဒါကလည်း နိုင်ငံအကျိုးမလိုလားသူတွေ ပုံဖော်ထားသလို နိုင်ငံအနေနဲ့ ပထမဆုံးကြုံတွေ့ရတာလဲ မဟုတ်ပါဘူး။ ၂၀၀၈/၉/၁၀ နဲ့ ၂၀၁၆/၁၇/၁၈ ပဲ လွတ်ဖူးတာပါ။ ဒီလင့်ခ်က FATF Blacklisting Reports မှာ ဖတ်ရှုနိုင်ပါတယ်။
https://en.m.wikipedia.org/wiki/Financial_Action_Task_Force_blacklist

အောက်မှာဖော်ပြထားတဲ့ FATF ရဲ မူရင်းလင့်ခ် မှာလည်း ဖတ်ရှုနိုင်ပါတယ်။

https://www.fatf-gafi.org/publications/high-risk-and-other-monitored-jurisdictions/documents/call-for-action-october-2022.html

မီဒီယာအချိုနဲ့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုသူတွေက တမင်ထိတ်လန့်အောင်ပုံဖော်ရေးသားထားပါတယ်….

သတင်းဖြစ်စဉ်အမှန်ကို သိရှိနိုင်ရန် လွတ်လပ်စွဝေမျှနိုင်ပါတယ်…

မြန်မာပြည်သူပြည်သားအားလုံး လူအချင်းချင်းလှည့်ပတ်ခြင်းမှ ကင်းဝေးကြပါစေ…. 🙏🙏🙏