Khit Thit ကရေးတဲ့ မြေကြက်ဆူတိုက်ပွဲ သတင်းအမှား

ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၃ နာရီခန့်တွင် စစ်တပ်က Mi 35 ရဟတ်ယာဉ်ဖြင့် မြို့ကြီးရွာကို ၂ ကြိမ် ပစ်ခတ်ခဲ့ပြီးယင်းမာပင်မြို့မှ ခြေလျင်စစ်ကြောင်းက ကျေးရွာအတွင်းဝင်ရောက်စီးနင်းကာမီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူပိုင်နေအိမ် ၅၀ ကျော် မီးလောင် ပြာကျခဲ့ပြီး အသက် ၉၀ အရွယ် လေဖြတ်နေသည့် အဖွားအို ၁ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၂ ရက်နေ့တွင် ယင်းမာပင်မြို့နယ် မြေကြက်ဆူရွာအနီး လုံခြုံရေးတပ်များနှင့် PDF များတိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွင် PDF ၃ လောင်း၊ M-22 ၁ လက်နှင့် ဆက်စပ်ပစ္စည်းများ တပ်မတော်ဘက်ကရရှိပြီး PDF များထွက်ပြေးချိန်တွင် ကျေးရွာအား မီးရှို့သွားကြောင်း ဒေသတွင်းသတင်းပေးချက်များအရ သိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ တပ်မတော်ကကျေးရွာကိုမီးရှို့တယ်၊ အသက် ၉၀ ရွယ်အဖွားအိုကို သတ်ဖြတ်ခဲ့တယ်လို့အောက်တန်းကျစွာ လုပ်ကြံဖန်တီးရေးသားထားခြင်းသာဖြစ်ပါတယ်။

Misinformation

FACT-CHECK