တရုတ်ကို တစ်သျူးငှက်ပျော တင်ပို့ထား

ဇူလိုင်လ ပထမအပတ်အထိ ကံပိုင်တည်ကုန်သွယ်ရေးစခန်းကနေ တရုတ်နိုင်ငံကို တစ်သျူးငှက်ပျော တန်ချိန် ၁၇၀၀ကျော် တင်ပို့ထားနိုင်ပြီဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းထုတ်ပြန်ထားမှုအရသိရပါတယ်။

အဆိုပါ ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှာ တစ်သျူးငှက်ပျောဟာယခုကာလမှာ အဓိကပို့ကုန်ဖြစ်နေပြီး တင်ပို့မှုအနေနဲ့ ဈေးနှုန်းတစ်တန်ကို( ၂၄၉၃) ယွမ် ၊ ဒေါ်လာဈေးနှုန်းအရ (၃၄၅.၄၀)ဒေါ်လာနဲ့ဈေးကွက်ရရှိနေပြီး လက်ရှိ တန်ချိန် ( ၁၇၂၅)တန် ရှိ တစ်သျူးငှက်ပျောတွေကို ဒေါ်လာ ၅သိန်း နဲ့ ၉သောင်းဖိုး တင်ပို့နိုင်ခဲ့တယ်လို့ဆိုပါတယ်။

ကံပိုင်တည် ကုန်သွယ်ရေးစခန်း မှ ပို့ကုန်အနေနဲ့ တစ်သျူးငှက်ပျောကို အဓိက တင်ပို့ပြီး သွင်းကုန်အမယ်တွေ အနေနဲ့ ရင်းနှီးမြုပ်နှံမှုပစ္စည်းများ ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ၊ လူသုံးကုန်အဝတ်အထည်များ နဲ့ သစ်သီးများ ၊ တင်သွင်းထားကြောင်းသိရပါတယ်။

Source; Myanma Platform