လားရှိုးမြို့မစျေးရှိ ဇွဲထက်ရွှေဆိုင်ရှေ့ ဗုံးပေါက်ကွဲ

လားရှိုးမြို့မစျေးမှာရှိတဲ့ ဇွဲထက်ရွှေဆိုင်ရှေ့မှာ ဒီနေ့မနက်အစောပိုင်းက ဗုံးပေါက်ကွဲပြီး ဇွဲထက်ဝန်ထမ်းတွေ အပါအဝင် အနည်းဆုံး ၁၀ဦးအထက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဒီနေ့ မနက် ၇နာရီ ၄၅ မိနစ်လောက်မှာ ရှမ်းပြည်နယ်၊လားရှိုးမြို့၊မြို့မဈေးအတွင်းက ဇွဲထက်ရွှေဆိုင်ရှေ့မှာ မိုင်းပေါက်ကွဲတာဖြစ်ပြီး ဝန်ထမ်းတွေအပါအဝင် ဈေးသွားဈေးပြန် ၁၂ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို တစ်ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ပေါက်ကွဲမှုဟာ အလွန်ပြင်းထန်ခဲ့ပြီး ဆိုင်ကယ်တွေပါ တစစီကျိုးပျက်သွားခဲ့ပြီး ဖြစ်စဥ်အသေးစိတ်နဲ့ ထိခိုက်မှုတွေကို ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရှိရပါတယ်။

mtnews