အမုန်းဇာတ်ကားထဲက ခင်ဝင့်ဝါပြောပြတဲ့အ‌ကြောင်း

အမုန်းဇာတ်လမ်းတွဲဟာဆိုရင် ပရိသတ်တော်တော်များများကြိုက်နှစ်သက်ပြီး အားပေးကြတဲ့ ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ မင်းသမီးချော မိုးဟေကို၊ မင်းသမီးကြီး ခင်ဇာခြည်ကျော်၊ မင်းသမီးလေး ခင်ဝင့်ဝါတို့ပါဝင်ပြီး ဒါရိုက်တာဝိုင်းက ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

အမုန်းဇာတ်လမ်းတွဲထဲက ယမုံအေးဇာတ်ရုပ်ကို သရုပ်ဆောင်တဲ့ ခင်ဝင့်ဝါ မီးလောင်ခံရပြီး အရေပြားလောင်သွားတဲ့ ဇာတ်ဝင်ခန်းအကြောင်းကို အခုလိုပဲပြောပြထားပါတယ်ရှင်…

‘အမုန်းမှာ မီးလောင်ခံရတော့ အရေပြား အကုန်လောင်သွားတဲ့ အခန်းကို Special Effect မိတ်ကပ်တွေ လိမ်းပြီး ရိုက်ခဲ့ရတယ်။ မိတ်ကပ် လိမ်းတာ (၂) နာရီလောက် ကြာခဲ့ပေမယ့် ပီဇာ နဲ့ တူသွားတာကတော့ မသိဘူး’ ဆိုပြီး MC newsနဲ့ အင်တာဗျူးချိန်မှာ ပြောပြခဲ့တာပဲဖြစ်ပါတယ်။