လွိုင်ကော်အကျဉ်းထောင်တိုက်ပွဲမှ သူရဲကောင်းများ

ထောက်ပို့တပ်ကသူရဲကောင်းများက အကျဉ်းထောင်ရဲ့ဘန်ကာကျသွားပြီးနောက် ရန်သူဟာ ထောင်ဝင်းထဲကို အတင်းထိုးဖောက်ဝင်ရောက်လာကြတာ  ထောင်ပိုင်ညွှန်မှူးအိမ်ထိ ရောက်ရှိနေရာယူ လာကြတယ်။

ထောင်လုံခြုံရေးတပ်နဲ့ထောင်ဝန်ထမ်းတွေဟာ ဗဟိုကင်းကနေနောက်ဆုံး ခံစစ်ထားခုခံနေရတဲ့အချိန် ဖြစ်နေပြီး. ခုခံတဲ့အထဲမှာ ထောင်ကျနေတဲ့တပ်က အရာရှိဟောင်းလဲပါတယ်။

ဒီအချိန်မှာစစ်ကူတပ်ဟာ အထက ၂ ကျောင်းအပြင်တောင်ထွက်လို့မရသေးပါဘူး. ရန်သူ့စနိုက်ပါတွေနဲ့ ပစ်ထောက်တာ ခံနေရတယ်လို့သိရပါတယ်။

စစ်ကူလာပိုတဲ့ ထောက်ပို့စစ်သည် ယာဉ်မောင်း ၂ ဦးဟာ စစ်ကူတပ်ကိုကားပေါ်ပြန်တက်ခိုင်းပြီး အထက်က ခွင့်ပြုချက်အရ ရန်သူပစ်ခတ်နေတဲ့ကြားကနေ စစ်ကား ၂ စီးနဲ့ထောင်အထိအရောက်စွန့်စားပြီး မောင်းပို့ နိုင်ခဲ့တယ်။

လမ်းမှာရန်သူ့ကျည်ထိမှန်ပြီး ကားဘီးပေါက်နေတဲ့ကြားက ခွေနဲ့ထိန်းမောင်းခဲ့ရတာလွယ်တဲ့ အလုပ်တော့ မထင်နဲ့။ ယာဉ်ပေါ်ပါစစ်သည်တွေကလဲပစ်ရှင်းပြီးလိုက်ရတာပေါ့။

ထောင်ဗူးဝတံခါးပိတ်နေတာကိုလည်း ကားနဲ့တိုက်ဖွင့်ပြီးထောင်ထဲဝင်ခဲ့ရတယ်. ထောင်ဝင်းထဲရောက်တာနဲ့ စစ်သည်တွေဟာ ကားပေါ်ကအလုအယက်ဆင်းပြီး ရန်သူတွေနဲ့လုံးထွေးတိုက်ခိုက်ခဲ့ကြရတယ်။

ထောင်ထဲကစစ်သည်တွေလဲအားတက်ပြီး ရဲရဲဝံ့ဝံ့ပြန်ခုခံကြတယ်။ တချိန်တည်းမှာပဲ အမြောက်ပစ်ကူ. လေကြောင်းပစ်ကူတွေကလည်း ပေးထားတဲ့ပစ်မှတ်တွေကို တိတိကျကျချေမှုန်းပစ်ခတ်နိုင်တဲ့အတွက် ရန်သူတွေဟာ အတုံးအရုန်းကျဆုံးပြီး ညနေ ၁၇၀၀ ချိန်ခန့်မှာ အလောင်းတွေတောင် ကုန်အောင်မဆွဲနိုင်တော့ဘဲ စတင်ဆုတ်ခွာကြတယ်။

၁၈၃၀ ချိန်လောက်မှာ မိမိတပ်ဟာ ထောင်ကိုအပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်။ လွိုင်ကော်အကျဉ်းထောင်တိုက်ပွဲမှာ kndf ဗျူဟာ၂ ကဗျူဟာမှူးအဆင့်ရှိတဲ့ လွိုင်ကော်သား ABSDFတပ်ဖွဲ့ဝင်ဟောင်း ဆရာကျောင်း.ခေါ် သိန်းအောင် အပါအဝင် အများအပြားကျဆုံးသွားခဲ့တယ်..

၁၇.၁၂.၂၀၂၃ ရက်နေ့ထိထောင်ဝင်းထဲမှာ ကျကျန်ခဲ့တဲ့ရန်သူ့အလောင်းတွေရှင်းလို့မကုန်သေးဘူး။ အတိအကျတော့မပြောချင်တော့ပါဘူး။ တိုက်ပွဲကို အဆုံးအဖြတ်ပေးသွားတာက ထောက်ပို့တပ်က ယာဉ်မောင်းစစ်သည် ၂ ဦးဖြစ်တာကို သိစေချင်လို့ပါ။။။