မိုင်းဆွဲတိုက်ခိုက်ခံရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်၄ ဦး သေဆုံးတယ်လို့ Khit Thit မှ သတင်းအမှားရေး

ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်အချိန် ထီးလင်းမြို့နယ်၊ ကျားခဲကျေးရွာတွင် ညအိပ်ကာ ပြည်သူ့နေအိမ်များကို တစ်အိမ် တက်ဆင်း မွှေနှောက်ရှာဖွေခိုးယူကာ နံနက်ပိုင်း ပြန်လည်ထွက်ခွာလာသော အင်းအား ၈၀ ကျော်ပါ စစ်ကြောင်းမှ ရှေ့ပြေးပွိုင့် ၁၀ ဦးကို ပိန္နဲသီး ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်သား ၄ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ဖောကားဖြင့် ထီးလင်းမြို့သို့ သယ်ဆောင်သွားကာ သေဆုံးခဲ့သော စစ်သားများကို အခမ်းအနားဖြင့် ထီးလင်းမြို့ သင်္ချိုင်း၌ မီးရှို့သင်္ဂြိုလ်ခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ သြဂုတ်လ ၂၈ ရက်နေ့၌ ထီးလင်းမြို့နယ်၊ ကျားခဲကျေးရွာအနီးတွင် နယ်မြေရှင်းလင်းနေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF များက ချောင်းမြောင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာအနည်းငယ်ရရှိသွားခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိခဲ့ရပါတယ်။ Khit Thit မှ ဖြစ်စဉ်ကို ပုံကြီးချဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရတယ်ဆိုပြီး အထင်မှားစေရန် အပုတ်ချ၍ လိမ်ညာရေးသားထားခြင်းသာ ဖြစ်ပါတယ်။