မင်္ဂလာရှိသော မနက်ခင်းပါ

ဝဋ်ကြွေးတွေ ပြန်ခံရမှာကြောက်ရင်

အလကာရတယ်ဆိုပြီး
သူတစ်ပါးပစ္စည်း မတရားမယူနဲ့

အချောင်ရတယ်ဆိုပြီး
သူတစ်ပါးပစ္စည်း မနိုင်မနင်းမယူနဲ့

ပိုင်ရှင်မသိဘူးဆိုပြီး
သူတစ်ပါးပစ္စည်း မခိုးယူလိုက်နဲ့

အနိုင်ကျင့်လိုရတယ်ဆိုပြီး
အလကားသက်သက် နှိပ်စက်မနေလိုက်နဲ့

သံသရာဆို
ရပ်နေတာ မဟုတ်ဘူး
ရထားတွဲကြီးလိုပဲ လည်ပတ်နေတာ

ကိုယ်ပြန်ခံလှည့်ကျမှ
ကံတရားကတော့ မတရားဘူး
ဘယ်သူကတော့ မျက်နှာလိုက်တယ်ဆိုပြီး

မျက်ရည်တွေ
ချောင်းစီးအောင်ကျပြီး ငိုကြွေးမနေလိုက်ပါနဲ့

အတိတ်က
ဝဋ်ကြွေးတွေပါလာရင်
ဘယ်သူမှလည်း မကယ်နိုင်ဘူး
ဘယ်သူမဆို ကျေအောင်ဆပ်ရတာပဲ

ဝဋ်ကြွေးဆိုတာ
ပုံကွယ်နေလို့လည်း မလုံခြုံဘူး
ထွက်ပြေးနေလိုလည်း မလွှတ်မြောက်ဘူး

ဒါကြောင့်
ဝဋ်ကြွေးတွေ ပြန်ခံရမှာကြောက်ရင်

ယခုလက်ရှိဘဝမှာ
သူတစ်ပါး အပေါ်ကို
မဟုတ်တာတွေ မလုပ်မိအောင်ကြိုးစားပါ ။

🙏အရှင်ဇဝန(ရွှေကုန်းမြေ)🙏