ဇူလိူင်လ ၁၂ ရက်နေ့ မှုခင်းသတင်းများ

  • ဇူလိုင်လ ၁၁ ရက် ၀၁၃၀ အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင် မြို့နယ် ထန်းတောကြီးကျေးရွာနေ ဒေါ်အေးမြင့်ဆန်း(၅၂)နှစ်နှင့် သမီးဖြစ်သူ မအေးမြတ်မိုး(၂၂) နှစ်၊ မနှင်းယုထွေး(၁၇) နှစ်တို့အား PDF အကြမ်းဖက် သမားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရှိရ။
  • ဇူလိုင်လ ၁၁ ရက် ၁၅၃၀ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်၊ မင်းကျောင်းကျေးရွာ၊ ရွှေဘိုတက္ကသိုလ်ရှေ့ စစ်ဆေးရေးဂိတ်အား PDF အကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းဖြင့်ပစ်ခတ်ရာ စိန်ပြောင်း ဗုံးသီးမှာ စစ်ဆေးရေးဂိတ်အနီးရှိ ဦးသန်းမင်း(၄၇)နှစ်၏ နေအိမ်ရှေ့သစ်ပင် အား ထိမှန်ပေါက်ကွဲခဲ့သဖြင့် ဦးသန်းမင်း၏နေအိမ်အမိုးများနှင့် ပြတင်းပေါက် မှန်များ ပျက်စီးခဲ့။
  • ဇူလိုင်လ ၁၁ ရက် ၁၆၃၀ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်၊ တောင်ဖီလာစတေရှင်သို့ PDF အကြမ်းဖက်သမား များက Drop ဗုံး ၁ လုံးပစ်ချဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ကျရောက်ပေါက်ကွဲ ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ဗုံးစထိမှန် (မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရ။
  • ဇူလိုင်လ ၁၁ ရက် ၁၃၃၀ နာရီတွင် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်၊ ဝန်ခြုံးကျေးရွာရှိ လုံခြုံရေးအဖွဲ့စခန်းငယ်တစ်ခုနေရာသို့ အကြမ်းဖက်သမား များက Drop ဗုံး ၁ လုံးပစ်ချဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့များမှ လက်နက်ငယ်များဖြင့်ပြန်လည်ပစ်ချခဲ့ရာ Drone ယာဉ် ၁ စီး သိမ်းဆည်း ရမိခဲ့။
  • ဇူလိုင်လ ၁၁ ရက် ၀၅၄၀ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး အောင်လံမြို့နယ်၊ တပ်ကုန်းကျေးရွာနေ ဦးဇော်ထွန်း(၄၈) နှစ်အား PDF အကြမ်းဖက်သမား ၄ ဦးက  သေနတ်ဖြင့်ပစ်ခတ်ခဲ့သတ်ဖြတ်သဖြင့် သေဆုံးခဲ့။
  • ဇူလိုင်လ ၁၁ ရက် ၁၅၁၀ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်၊ ဂွေးပင်ရိုးကျေးရွာ ကျောင်းထိုင်ဆရာတော် ဥူးပညာသာမိ သက်တော် (၄၅) နှစ်၊ ဝါတော် (၂၅) ဝါအား PDF အကြမ်းဖက်သမား ၅ ဦးက ဆိုင်ကယ်များ ဖြင့်ရောက်လာပြီး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ပျံလွန်တော်မူခဲ့ ကြောင်းသိရှိရ။
  • ဇူလိုင်လ ၁၁ ရက် ၁၅၄၀ နာရီခန့်တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့၊ မမစ (ရွှေကူ)သို့ အကြမ်းဖက်သမားများက Drop ဗုံး ၂ လုံးပစ်ချဖောက်ခွဲခဲ့သဖြင့် မမစ (ရွှေကူ) အိမ်ထောင်သည်လိုင်းခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ရာ ဒေါ်စန္ဒာဝင်း(၂၉)နှစ်တွင် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး ၎င်း၏သားဖြစ်သူ မောင် ဉာဏ်လင်းထက် (၄)နှစ်တွင် ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်းသိရှိရ။
  • ဇူလိုင်လ ၁၁ ရက် ၀၇၄၅ နာရီတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်း ကျေးရွာရှိ ဘုန်းကြီးကျောင်းအနီး ရန်ကုန်-မော်လမြိုင် ကားလမ်း၌ PDF အကြမ်းဖက်အဖွဲ့မှထောင်ထားသော လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့သဖြင့် သုံးဘီးဆိုင်ကယ်မောင်းနှင်လာသူ ဦးအောင်မြင့်ကြည်(ခ) ကိုမောင်စီး(၄၅)နှစ် နောင်ကုလားကျေးရွာနေသူတွင် မိုင်းစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့။
  • ဇူလိုင်လ ၁၁ ရက် ၁၄၄၅ နာရီခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့ နယ်၊ (၈) မိုင်ကျေးရွာနေ မမေဇင်ထွန်း(၁၆)နှစ်နှင့် မောင်ဖြစ်သူ ဝင်းပိုင်ထွန်း (၁၃) နှစ်တို့သည် ကျေးရွာရှိ  ဥယျာဉ်ခြံသို့ ဝါးခုတ်သွားရောက်စဉ် ခြံအနီး၌  အကြမ်းဖက်သမားများထောင်ထားသော မိုင်း ၁ လုံးပေါက်ကွဲခဲ့သဖြင့် ဝင်းပိုင်ထွန်း တွင် မိုင်းစထိမှန် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့။