၆ ရက် ၆ လ ၆ နာရီ အဆိုတော်လီလီနိုင်ကျော်ကွယ်လွန်

အဆိုတော်လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်သည့် ဖိုးပြည့်ဆိုသူအား ဇွန်လ ၅ ရက်တွင် ဖမ်းဆီးထားကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ဇွန်လ နံနက် ၆ နာရီခန့်တွင် အဆိုတော်လီလီနိုင်ကျော်မှာ အမှန်တကယ်ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။

လက်နက်မဲ့အမျိုးသမီးတစ်ဦးဖြစ်သည့် အဆိုတော်လီလီနိုင်ကျော်အား NUG ၏ PDF များက မေလ ၃၀ ရက် ည ၇ နာရီခန့်တွင် ကားဖြင့်ပြန်လာစဉ် နေအိမ်ရှေ့အရောက် ချောင်းမြောင်းပစ်ခတ်မှုကြောင့် ယာပါးကျည်ဖောက်ဝင်ဒဏ်ရာဖြင့် တစ်ပတ်ခန့်ကြာအောင် တပ်မတော်ကုတင် ၁၀၀၀ ဆေးရုံတွင် ကုသမှုခံယူခဲ့ရပြီး ကွယ်လွန်ပြီဆိုသည့် သတင်းများလည်း မကြာခဏထွက်ပေါ်ခဲ့သော်လည်း ဇွန်လ ၆ ရက် မနက် ၆ နာရီတွင် အမှန်တကယ် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း မိသားစုဝင်များမှ လူမှုကွန်ရက်ပေါ်တွင် ရေးသားအသိပေးခဲ့ပါတယ်။