တန့်ဆည်မြို့နယ်တွင် ပျူစောထီးကင်းစခန်းအား PDF များ ဝင်တိုက်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့တယ်ဆိုတဲ့သတင်းအမှား

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြိုနယ်၊ကသဲကျေးရွာ အနောက်ရှိ ပျူစောထီးရွာ ၃ ရွာပေါင်း ကင်းတဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး အဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ လူမှုကွန်ရက်ပေါ်တွင် ရေးသားဖော်ပြထားမှုသည် သတင်းအမှားသာဖြစ်ကြောင်းသိရပါတယ်။ ဖြစ်စဉ်မှာ ဇွန်လ ၄ ရက်နေ့၌ တန့်ဆည်မြို့နယ်၊ ကဘဲကျေးရွာအနီးတွင် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များအား အဖျက်အမှောင့် လုပ်ဆောင်နေသော PDF များက လာရောက်ချောင်းမြောင်းတိုက်ခိုက်သဖြင့် လုံခြုံရေးအဖွဲ့များက ပြန်လည်ပစ်ခတ်ခဲ့ ရာ PDF အကြမ်းဖက်များထံက –

  • လက်လုပ် RPJ ၁ လက်
  • လက်ပစ်ဗုံး ၆ လုံး
  • ကျည်အိမ် ၄ ခု
  • ကျည် ၇၀ တောင့် တို့အား သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးအဖွဲ့ဝင်များမှာ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရပါတယ်။