ရွှေဘိုမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်းသေဆုံးတယ်လို့ မြေလတ်အသံ မှ သတင်းအမှားရေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တောင်ဘက်အထွက်ရှိ စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ နယ်စည်းမခြားရွှေဘိုသားအဖွဲ့ဆီကသိရပါတယ်။ ဩဂုတ်လ ၁၈ ရက် ည ၇ နာရီကျော်မှာ အင်အား ၇၀ ဝန်းကျင်နဲ့ တပ်စွဲရာ စစ်တပ်ဂိတ်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နာရီဝက်ကြာ သွားရောက်ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။ ပစ်ခတ်မှုအတွင်း စစ်တပ်ဘက်က ၂၀ ဦးထက် မနည်းထိခိုက်သေဆုံးသူတွေရှိခဲ့ပြီး ဒီအရေအတွက်ကိုတော့ နီးစပ်ရာ ဒေသခံပြည်သူအချို့ရဲ့ သတင်းပေးပြောပြချက်အရ အတည်ပြုချက်ယူခဲ့တာလို့ မြေလတ်အသံ မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၁၈ ရက်နေ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တောင်ဘက်အထွက်ရှိ စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များတိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များထိခိုက်သေဆုံးခဲ့ခြင်းမရှိကြောင်း ဒေတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ မြေလတ်အသံ မှ ဖြစ်စဉ်အမှန်မရေးဘဲ PDF ဂုဏ်ဖော်ကာ သတင်းအမြတ်ထုတ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်းသေတယ်လို့ လိမ်ညာရေးသားထားခြင်းဖြစ်ပါတယ်။