မင်္ဂလာရှိသော မနက်ခင်းပါ

ပါမယ့်အရာ ကြိုးစားရှာ

နေ့စဥ်ဘ၀မှာ
အရေးပါမယ် ထင်တာတွေထဲကမှ
အရေးကြီးတာကို အရင်ဆုံးလုပ်ပါ ။

အရေးကြီးတဲ့
မီးက စလောင်နေပါတယ်ဆိုမှ
လောင်နေတဲ့မီးကိုမငြိမ်းပဲ

အိမ်ထဲက
ပစ္စည်းတွေကိုသယ်နေမယ်ဆိုရင်
အကုန်မီးထဲပါသွားနိုင်ပါတယ် ။

ဒီတိုင်းပါပဲ မိမိတို့ဘ၀မှာလည်း
အရေးပါမယ် ထင်တဲ့အရာတွေကို

လုပ်နေကြ ရှာနေကြရင်းနဲ့
နောက်ဆုံးဘာမှမရဖြစ်တတ်ပါတယ် ။

အရေးပါမယ်ထင်နေ့တဲ့အလုပ်တွေဟာ
တကယ်တမ်းစစ်ကြည့်ရင်
အရေးမကြီးတာတွေကများပါတယ် ။

ဒါကြောင့်
သေချာတဲ့အလုပ်ကိုအရင်လုပ်ပါ ။

ကောင်းမှုဆိုတာ
ဘ၀ကို အဆင်ပြေ ချမ်းသာစေလို့

ကိုယ်မဖြစ်မနေ
လုပ်ရမယ့် အလုပ်လို့ နားလည်ပြီး

မဖြစ်မနေ လုပ်ရမယ့် အလုပ်ကိုပဲ
အမြဲဖြစ်အောင် ကြိုးစားသွားရင်
ဘ၀ဟာ အစဥ် ချမ်းသာနိုင်ပါတယ် ။

🙏🙏🙏သာရ ဂ ဝေ သီ🙏🙏🙏