နိုဝင်ဘာလ ၂၀ ရက်နေ့ တိုက်ပွဲသတင်းပေါင်းချုပ်

♦စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် ထန်းတပင်ရွာအနီး တပ်မတော်နဲ့ PDF ၃၀ ဦးခန့်တို့ ညနေ ၄ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီတိုနေတာ ၁၀ ခု၊ Drone Controller ၃ ခု၊ Drone Controller Battery ၈ ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။

♦စစ်ကိုင်းတိုင်းဒေသကြီး အင်တော်မြို့နယ်အတွင်း နယ်မြေရှင်းလင်းချီးတက်စဉ် နဘားကျေးရွာအရှေ့မြောက်ဘက် နေရာ ၄ နေရာမှ KIA နှင့် PDF ၁၆၀ ဦးခန့် က ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်ဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

♦စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် အတွင်း နယ်မြေရှင်းလင်းစဉ် မြသိန်းတန်စေတီအနောက်ဘက်သို့အရောက် နေရာ ၃ နေရာမှ KIAနှင့် PDF ၁၀၅ ဦးခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

♦ချင်းပြည်နယ် မတူပီမြို့နယ် လိုင်လင်းပီစခန်းသို့ နံနက် ၆ နာရီခွဲ၊ ၁၀ နာရီခွဲနှင့် ၁၁ နာရီခွဲအချိန်တို့တွင် အကြမ်းဖက်များမှ Drone ၁၁ စီးဖြင့် Drop Bomb ၁၃၀ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်အင်အား ၁၆၀ ဦးခန့်က နေရာ ၃ နေရာတွင် ဖြန့်ခွဲလှုပ်ရှားနေကြောင်းသိရသဖြင့် တပ်မတော်ဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့ရာ လေကြောင်းတိုက်ခိုက်မှုကြောင့် ရန်သူများ ထိခိုက်ကျဆုံးမှုများပြားပြီး လိုင်လင်းပီစခန်းသို့ ဝင်ရောက်တိုက်ခိုက်မှုမပြုလုပ်နိုင်ဘဲ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရ။

♦မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ကြန့်ကန်ကျေးရွာသို့ နယ်မြေရှင်းလင်းချီတက်စဉ် တစ်ပင်ကန်တဲစုသို့အရောက် PDF ၄ ဦးခန့်က ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ပြီး PDF အလောင်း ၁ လောင်း၊ အမ်(၂၂) ၁ လက်၊ ကျည်အိမ် ၄ ခု၊ ကျည် ၁၇၀ တောင့်၊ ဝါယာကြိုး ၁ ခွေ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။

♦မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ညောင်တိုကျေးရွာ၌ လုံခြုံရေးတာဝန်ထမ်းဆောင်နေစဉ် PDF များ ထိန်းချုပ်မောင်းနှင်သည့် ဒရုန်း ၁ စီးသည် ညနေ ၅ နာရီခွဲခန့်တွင် အမြင့်မီတာ ၅၀၀ ခန့်မှ ပျံသန်းရောက်ရှိလာပြီး Drop Bomb ၂ လုံး ဖြုတ်ချတိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့သဖြင့် အနောက်ဘက်သို့ ပျံသန်းသွားခဲ့ပြီး ရန်သူ့ Drop Bomb သည် ဦးမြင့်ကျော် ၂၂ နှစ်၊ ငါးမွေးမြူရေးလုပ်ကိုင်သူ၏ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဦးမြင့်ကျော်သည် လည်ပင်းဗုံးစဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။

♦မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ပုဏ္ဏားကျေးရွာသို့ နယ်မြေရှင်းလင်းချီတက်စဉ် ကျေးရွာအနီးသို့အရောက် ထိုင်ကျင်း ၃၀ ကျင်းအား တွေ့သဖြင့် ရှင်းလင်းနေစဉ် စစ်သည် ၁ ဦးသည် PDF အကြမ်းဖက်များ ထောင်ထားသည့် လက်လုပ်တိုက်မိုင်း ၁ လုံး တိုက်မိပေါက်ကွဲခဲ့သဖြင့် မိုင်းစရှပ်မှန်( မစိုးရိမ်ရ) ဒဏ်ရာရခဲ့ကြောင်း သိရှိရ။

♦ကယားပြည်နယ် လွိုင်ကော်မြို့အတွင်းရှိ ကညနရုံးတစ်ဝိုက် နယ်မြေရှင်းလင်းချီတက်စဉ် နံနက် ၇ နာရီခန့်တွင် KNPP/KNDF နှင့် PDF ပူးပေါင်းအင်အား ၁၀ ဦးခန့်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရ။

♦ကယားပြည်နယ် လွိုင်ကော်မြို့ရှိ လွိုင်ကော်အကျဉ်းထောင်သို့ နေ့လည် ၁ နာရီကျော်တွင် နေရာ ၃ နေရာမှ KNPP/KNDF နှင့် PDF ပူးပေါင်းအင်အား ၉၀ ဦးခန့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့များမှ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

♦ကယားပြည်နယ် လွိုင်ကော်မြို့ ဖူဆယ်အားကစားကွင်း၌ လုံခြုံရေးတာဝန်ထမ်းဆောင်နေသာ တပ်မတော်သားများအား နေ့လည် ၃ နာရီခန့်တွင် KNPP/KNDF အဖွဲ့က ရှော့တိုက်ဒုံး ၃ လုံးနှင့် လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

♦ကယားပြည်နယ် လွိုင်ကော်မြို့နယ် နမ့်ကွတ်ဘုန်းကြီးကျောင်းသို့ နေရာ ၂ နေရာမှ KNPP/KNDF နှင့် PDF ပူးပေါင်း ၅၀ ဦးခန့်က နေ့လည် ၂ နာရီခန့်တွင် ၁ ကြိမ်၊ အင်အား ၁၀၀ ဦးခန့်က နေ့လည် ၄ နာရီခန့်တွင် ၁ ကြိမ် လာရောက်ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ ရန်သူအနေဖြင့် ထိခိုက်သေဆုံးသည့် အလောင်း ၃ လောင်းနှင့် လက်နက်များအား ဆွဲယူပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရ။

♦ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ထရွန်အိုင်စခန်းသို့ နေ့လည် ၁ နာရီခန့်တွ် AA သောင်းကျန်းသူ အင်အား ၅၀ ဦးခန့်က Drop Bomb ၁ လုံး၊ စနိုက်ပါ၊ လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရ။

♦️ရခိုင်ပြည်နယ် ဘူးသီးတောင်မြိုနယ် တောင်ဘဇာကျေးရွာရှိ ရဲကင်းစခန်းသို နံနက် ၄ နာရီမှစ၍ နေရာ ၂ နေရာမှ AA သောင်းကျန်းသူ အင်အား ၁၀၀ ဦးခန့်က လာရောက်ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲများမှ ပြန်လည်ပစ်ခတ်ခဲ့ရာ ရန်သူများ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရှိရ။

♦️TNLA သိမ်းပိုက်ထားသည့် နောင်ချိုမြိုနယ် ဒိုးပင်ရဲစခန်းအား ည ၉ နာရီမှာ ဂျက်ဖိုက်တာ ၁ စီးဖြင့် တပ်မတော်မှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရန်သူ့ဘက်မှ TNLA တပ်ဖွဲဝင် ၁၃ ဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရခဲ့ကြောင်း သိရှိရ။

♦️ရှမ်းပြည်နယ် မြောက်ပိုင်း ၊ နောင်ချိုမြိုနယ် အုမ္မသီးကျေးရွာလမ်းဆုံနေရာသို ည ၈ နာရီခွဲခန့်တွင် TNLA နှင့် PDF ပူးပေါင်း ၅၀ ဦးခန့် လာရောက်ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲများမှ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။