ကမ္ဘာ့ရွှေဈေးကြောင့် ပြည်တွင်းရွှေဈေးအနည်းငယ်မြင့်တက်လာ

ယနေ့တွင် ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေးသည်လည်း အနည်းငယ်မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှသိရသည်။

ယနေ့ နိုဝင်ဘာ (၂၁) ရက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စ ၁၉၉၂ ဒေါ်လာဖြစ်ပေါ်ခဲ့ပြီး ယမန်နေ့နှင့် နှိင်းယှဉ်ပါက ၁၄ ဒေါ်လာ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာ (၂၀ )ရက်တွင် ပြည်တွင်းရွှေဈေးနှုန်းသည် ကျပ် (၃၆) သိန်းအောက်သိုကျဆင်းသွားပြီး ယနေ့တွင် ၃,၆၂၀,၀၀၀ အထိ ပြန်လည်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။