စမတ်ဖုန်းအသုံးများခြင်းကြောင့် လက်ချောင်းတောင့်တင်းခြင်းဝေဒနာအဖြစ်များလာ

စမတ်ဖုန်းတွေ၊ တက်ဘလက်တွေ ခေတ်စားလာတဲ့ကာလမှာ ထိုပစ္စည်းတွေကို အသုံးမပြုရ မနေနိုင်အောင် စွဲလမ်းလာပြီး လက်ချောင်းတောင့်တဲ့ အခြေအနေ ဖြစ်လာတတ်ပါတယ်။

ကမ္ဘာ့လူဦးရေရဲ့ ၂ ရာခိုင်နှုန်းလောက်မှာ ထိုလက္ခဏာရှိနေမယ်လို့ ခန့်မှန်းရပါတယ်။

 ယခင်က သွက်လက်လှုပ်ရှားနိုင်ခဲ့တဲ့ လက်ချောင်းတွေဟာ အခုအခါမှာ ကွေးတဲ့ပုံစံအတိုင်း ရှိနေပြီး လှုပ်ရှားရင်လည်း အသံမြည်တတ်ပါတယ်။

ဒါဟာ ဒီဂျစ်တယ်ပစ္စည်းတွေပေါ်မှာ ကြိမ်ဖန်များစွာ လက်နှိပ်အသုံးပြုရတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်ပါတယ်။