ဘန်ကောက်ပစ်ခတ်မှုမှ မြန်မာအမျိုးသမီးအား ‌လျော်ကြေးငွေပေးမည်

ဘန်ကောက်ပစ်ခတ်မှုတွင် သေ-ဆုံးခဲ့သည့် မြန်မာအမျိုးသမီး၏ ကျန်ရစ်သူ မိသားစုကို အလုပ်ရှင်သူဌေးမှ လစဉ်ဘတ်တစ်သောင်း ထောက်ပံ့မည်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုရှိ ကုန်တိုက်တစ်ခုတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုကြောင့် သေ-ဆုံးသွားသည့် မမိုးမြင့်၏ ကျန်ရစ်သူ မိသားစုကို အလုပ်ရှင်သူဌေးမှ ၎င်းမကွယ်လွန်မီအချိန်ထိ လစဉ် ဘတ်တစ်သောင်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်သူများထံမှ သိရသည်။

အောက်တိုဘာလ (၃) ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ယင်းပစ်ခတ်မှုကြောင့် မြန်မာအမျိုးသမီးတစ်ဦးနှင့် တရုတ်နိုင်ငံသား အမျိုးသမီးတစ်ဦးတို သေ-ဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။