သမိုင်းရဲ့ တရားခံများ မဖြစ်စေလိုပါ

KNU ဗဟိုအနေနဲ့ အပစ်ခတ်ရပ်စဲ NCA လက်မှတ်ရေးထိုးပြီး ဒေသဖွံဖြိုးရေး တစိုက်မတ်မတ် လုပ်ခဲ့တဲ့အချိန်တုန်းက တော်တော် ခရီးရောက်ခဲ့တယ်လို ဆိုရပါမယ်..

လမ်းတွေဖောက်၊ တံတားတွေဆောက်၊ လျှပ်စစ်မီးတွေသွယ်တန်းနိုင်ခဲ့ကြတယ်.. ကျန်းမာရေးကဏ္ဍမှာ ဆိုရင်လည်း ဝေးလံခေါင်ဖျားတဲ့နေရာတွေကအစ တိုက်နယ်ဆေးရုံတွေ တည်ဆောက်နိုင်ခဲ့တယ်.. နှစ် ၆၀ ကျော် ယမ်းငွေ့တွေဝေခဲ့တဲ့ ကရင်မြေကြီးရဲ့ တိုးတက်မှုက ဘေးကကြည့်တဲ့သူတောင် အံ့ဩကြည်နူးစေခဲ့တယ် ..

ငယ်ငယ်ကကြားဖူးခဲ့တဲ့ သတင်းတစ်ပုဒ်ရှိသေးတယ်.. ဦးသန်းရွှေလက်ထက်တုန်းက တောင်အထပ်ထပ်ရှိတဲ့ သံတောင်ကြီးနယ်မှာ ကရင်ပြည်နယ်ဖွံဖြိုးရေးဦးတည်ပြီး နှစ်ဖက်ခေါင်းဆောင်တွေ ညှိနှိင်းလို လမ်းတွေဖောက်၊ လျှပ်စစ်မီးတွေတောင် မရ ရအောင် သွယ်တန်းခဲ့ကြတယ်လို သိရပါတယ်..ဒါဟာငြိမ်းချမ်းခြင်းရဲ့ အနှစ်သာရ အသီးအပွင့်ပါပဲ။

ယခင်တုန်းက KNU ဆိုတာ ယျေဘုယျအားဖြင့် သမိုင်းကြောင်း ကောင်းခဲ့တဲ့အဖွဲလို ဆိုရပါမယ်.. စစ်ဆို စစ်ပဲတိုက်တဲ့အဖွဲမို အကြမ်းဖက်မှုဆိုတာ မရှိသလောက်ပါပဲ..

ဒါပေမယ့် မနေ့တစ်နေ့ကမှ ပေါ်လာပြီး အကြမ်းဖက်မှု ဦးတည်ပြီးလုပ်နေတဲ့ NUG ဆိုတဲ့သူတွေနဲ့ ပေါင်းမိတော့မှ ငြိမ်းချမ်းရေးက အလှမ်းဝေးသည်ထက် ဝေးလာခဲ့ပြီး .. ကရင်မြေကြီးက ယမ်းငွေ့တွေနဲ့ ဖုံးလွှမ်းသွားခဲ့ရတယ် ..

ဒီဖြစ်ရပ်ကို နမူနာကြည့်ပြီး အချို EAOs တွေကို သတိချပ်စေချင်တာက အနောက်အုပ်စု၊ ဒေါ်လာစား မီဒီယာတွေနဲ့ အကြမ်းဖက်အုပ်စုတွေကြောင့် ကိုယ့်ပြည်နယ်ရဲ့ ဖွံဖြိုးရေးကို လစ်လျူရှုတော့မှာလား?

စစ်မီးတွေ ထပ်မွှေးဦးမှာလား?ဆိုတာပါပဲ .. စစ်ဖြစ်နေလို တိုးတက်သွားတဲ့ ပြည်နယ်/ တိုင်း တစ်ခုမှ မရှိသေးပါ ..

ကိုယ့်မြေ၊ ကိုယ့်လူမျိုးကို ချစ်လှပါချည်ရဲ့လို ကြွေးကြော်ထားပြီးတော့ ဘာအတွက်၊ ဘယ်သူ့အတွက်

စစ်တိုက်နေကြတာလဲဆိုတာ တွေးတော ဆင်ခြင်တတ်ကြဖိုလိုပါတယ် ..

ကျနော့် ဆန္ဒအရတော့ မည်သည့် EAOs ခေါင်းဆောင်ကိုမျှ သမိုင်းရဲ့ တရားခံများ မဖြစ်စေချင်တာ အမှန်ပါပဲ ။။။

KT