တရုတ်က အဝယ်များလာလို့ မွေးမြူရေး အစာကုန်ကြမ်းဈေးများ မြင့်တက်

ဒီဇင်ဘာ ၂၃ ရက်က သား၊ ငါးမွေးမြူရေးလုပ်ငန်းတွေမှာ ရောစပ်ကျွေးမွေးရတဲ့ ပရိုတင်းအစာကုန်ကြမ်းတွေဖြစ်တဲ့ ငါးမှုန့်၊
ပုစွန်ဖွဲ၊ ခရုမှုန့်နဲ့ ကြက်စာဖတ် ဈေးနှုန်းများ မြင့်တက်လာလျက်ရှိတယ်လို့ မွေးမြူရေးအစာ ကုန်ကြမ်းဈေးကွက်ထဲ
က သိရပါတယ်။
မွေးမြူရေးလုပ်ငန်းတွေမှာ ရောစပ်ကျွေးမွေးရတဲ့ ပရိုတင်းအစာကုန်ကြမ်းဈေးနှုန်းတွေ မြင့်တက်လာပေမယ့်လည်း
ဈေးကွက်အတွင်း အရောင်းအဝယ်က ပုံမှန်အခြေအနေမှာ ရှိနေတယ်လို့ဆိုပါတယ်။
ပရိုတင်းအစာကုန်ကြမ်းတွေအပြင် အခြားမွေးမြူရေး အစာကုန်ကြမ်းတွေဖြစ်တဲ့ ပဲဖတ်၊ နှမ်းဖတ်ဈေးနှုန်းတွေလည်း
အတက်ဈေးမှာ ငြိမ်နေပြီး ပဲဖတ်တစ်ပိဿာ ၂၇၆၀ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ အနိမ့်ဆုံး ၂၁၀၀ ကျပ်မှ အမြင့်ဆုံး
၂၂၅၀ ကျပ် ဈေးပေါက်တယ်လို့ ကုန်စည်ဒိုင် တွေရဲ့ဈေးနှုန်းတွေအရ သိရပါတယ်။
မွေးမြူရေးလုပ်ငန်းတွေမှာ ရောစပ်ကျွေးမွေးရတဲ့ ပရိုတင်းအစာကုန်ကြမ်းတွေကို တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ်မှတဆင့်
တင်ပို့ရောင်းချလျက်ရှိပြီး အခုလတ်တလောတွင် တရုတ်ဘက်မှ ဝယ်ယူတာများနေလို့ ဈေးမြင့်လာတာဖြစ်တယ်လို့
ဆိုပါတယ်။
နောက်ထပ် အစာကုန်ကြမ်းတွေဖြစ်တဲ့ ငါးမှုန့် တစ်ပိဿာ ၂၅၀၀ ကျပ်၊ ပုစွန်ဖွဲ တစ်ပိဿာ ၂၃၀၀ ကျပ်၊ ခရုမှုန့်
တစ်ပိဿာ ၇၀၀ ကျပ် နဲ့ ကြက်စာဖတ် တစ်ပိဿာ ၁၈၀၀ ကျပ် အထိ အစာကုန်ကြမ်းဈေးနှုန်းများ မြင့်တက်လာ
တယ်လို့ သိရပါတယ်။