ဓမ္မာစရိယဘွဲ့ရ ကျောင်းထိုင်ဆရာတော်ကို အငြိုးထား၍တူဖြင့်ထုသတ်ခဲ့သည့် ကျောင်းနေရဟန်းအား လူဝတ်လဲ၍အမှုဖွင့်ထား

ရန်ကုန်တိုင်း၊ထောက်ကြန့်မြို့၊နွယ်ခွေကျေးရွာ အုပ်စု၊ရွာသစ်ကျေးရွာ၊ဗိုလ်တေဇလမ်းရှိ ဇမ္ဗူရတနာဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင် ဆရာတော်အား စက်တင်ဘာ ၁၁ ရက်မွန်းတည့်ပိုင်းက တူဖြင့်ထုသတ်ခဲ့သည့် ကျောင်းနေရဟန်းအား လူဝတ်လဲ၍အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ယင်းနေ့မွန်းတည့် ၁၂ နာရီခန့်က ထောက်ကြန့်မြို့၊နွယ်ခွေကျေးရွာ အုပ်စု၊ရွာသစ်ကျေးရွာ၊ဗိုလ်တေဇလမ်းရှိ ဇမ္ဗူရတနာဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင် ဆရာတော်ဦးသီရိန္ဒ သက်တော် (၅၄)နှစ်အား တစ်ကျောင်းတည်းနေ ဦးဣ န္ဒာစာရ(၅၁)နှစ်မှ တူဖြင့်ထုသတ်ခဲ့ကြောင်းသတင်းအရ တာဝန်ရှိသူများကသွားရောက်စစ်ဆေးခဲ့ကြသည်။