AA အကြမ်းဖက်သောင်းကျန်းသူ (၃)ဦး ကိုယ်မိုင်းကိုယ်ဖော်စဉ် ပေါက်ကွဲမှုဖြစ်ပွား

AA အကြမ်းဖက်သောင်းကျန်းသူများမှ အများပြည်သူသွားလာနေသော ကျောက်ဖြူမြို့၊ သိုင်းချောင်းလမ်းဆုံတွင် မိုင်းများလာရောက်ထောင်ထားသဖြင့် ဒေသခံလူထုမှ “ဒေသခံများ ထိခိုက်ရန် မလုပ်သင့်ကြောင်းနှင့် အဆိုပါလမ်းတွင် ဒေသခံများသွားလာနေသဖြင့် ပြန်လည်ဖော်ပေးရန်”ဝိုင်းဝန်းပြောဆိုခဲ့ကြကြောင်း သိရှိရသည်။

ထိုသို့ ဒေသခံများမှပြောဆိုသဖြင့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဝင်များမှ အဆိုပါမိုင်းများအား ဒီဇင်ဘာလ ၂၉ ရက်နေ့ညနေပိုင်း ၆ နာရီခန့်က လာရောက်ဖော်ယူခဲ့ရာ မိုင်းဖော်နေစဉ် တစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လာဖော်သူ(၃)ဦး ခြေပြတ်/လက်ပြတ်များဖြစ်သွားကြောင်းနှင့် ဒဏ်ရာရသူများအား လေးတောင်ဘက်သို့ ခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးမှပြောဆိုခဲ့ကြောင်း သိရှိရပါတယ်။

#AA# မိုင်းကွဲ#