Narinjara ရဲ့ အကြောင်း…….


Narinjara ဆိုတာ ၂၀၁၀ ယိုးဒယားနယ်စပ် AA စခန်းမှာနေပြီး AA နဲ့အတူ ပေါက်ဖွားလာတာ၊ သူတို့ရဲ့ အကြီးတန်း အငယ်တန်းသတင်းထောက် တော်တော်များများဟာ AA စခန်းမှာ စစ်ပညာသင် ယူထားတယ်၊
.
၂၀၁၄ နှစ်ကုန်ပိုင်း ပလက်ဝမှာ AA စတိုက်တဲ့အချိန်ထိ Narinjara သတင်းဌာန Page ကို Like လုပ်ထားတာ လူ ၂၀၀၀ မကျော်သေးဘူး၊
.
ဆက်သွယ်မှုခက်ခဲတဲ့ ပလက်ဝက AA ဆီက သတင်းတွေဆက်သွယ်ယူပြီး 
လူမျိုးရေးဆန်တဲ့သတင်းတွေ တင်ရာကနေ Page ထောင်တက်လာတာ၊
.
အခုချိန်ထိလည်း Narinjara သတင်းဌာနဟာ သတင်းမီဒီယာကောင်စီမှာ စာရင်းမဝင်သေးဘူးလျှောက်ထားဆဲပဲရှိသေးတာ၊ တရားဝင်သတင်း မီဒီယာမဟုတ်ဘူး၊
.
Narinjara ဟာ AA ရခိုင်ပြည်နယ်မှာ အခြေပြုဖို့အတွက် မီဒီယာကနေတိုက်ဖို့ ရခိုင်လူထုကြားဝင်
လာတဲ့ AA လက်ကိုင်တုတ်မီဒီယာပဲဖြစ်တယ်၊

အခုပုံမှာပြထားတဲ့သတင်းဆိုရင် မြေပြင်ကို
မေးကြည့်တဲ့အခါ အပစ်ခံရခြင်းလည်းမရှိသလို
သေနတ်သံတောင်မကြားရဘူးလို့ တပ်မတော်နဲ့
နီးစပ်သူတွေကနေသိရတယ်၊
.
AA နဲ့နီးစပ်တဲ့သူကပေးတာလား
သူတို့ကိုယ်တိုင် AA ဖြစ်နေတာလားဆိုတာ
ပြောစရာကိုမလိုဘူး၊

.


ပြီးခဲ့တဲ့ရက်ပိုင်းတည်းက မြောက်ပိုင်းမှာ AA စစ်ရှုံးနေလို့ တိုက်ပွဲမရှိဘဲ တိုက်ပွဲဖြစ်နေသယောင်၊ AA ကပဲ စခန်း​​ေတွအများကြီး သိမ်းနေသယောင်၊ AA ရိက္ခာဆေးပြတ်နေတာကြောင့် လမ်းကြောင်းတွေအကုန်ပြန်ဖွင့်အောင် နစက ကလမ်းပိတ်လို့ ဒေသခံတွေ ဒုက္ခရောက်နေသယောင်၊ စစ်တပ်ကအလင်းဝင်ခြင်းမရှိဘဲ AA ရေးခိုင်းတဲ့အတိုင်းရေးပြီး
လူမျိုးရေးသွေးခွဲမှုနဲ့ AA စိတ်ဓာတ်မြှင့်တင်ရေး
တစိုက်မတ်မတ်ရေးသားနေတာကို တွေ့ရမှာပါ။

.
ဒီလို သောင်းကျန်းသူအလိုကျရေးနေတဲ့ ပေါက်လွတ်ပဲစားမီဒီယာကို အစိုးရအနေနဲ့အမြန်ဆုံးအရေးယူသင့်ပြီလို့ တင်ပြအပ်ပါတယ်၊
.
တကယ်တမ်း ရခိုင်ပြည်နယ်ကိုပျက်အောင်နဲ့ လူမျိုးရေးပဋိပက္ခဖြစ်အောင်လုပ်နေ……

  • Narinjara ၊
  • DMG နဲ့
  • Western News ပါပဲ၊
    .
    Western News သတင်းဌာနက အယ်ဒီတာ ဝဏ္ဏခွာညိုနဲ့အဖွဲ့ဟာအစိုးရက အရေးယူထားတာကြောင့်
    လက်ရှိစစ်တွေမှာမရှိဘဲ သူတို့ဝိုင်းတော်သားတွေအားလုံး မြောက်ဦးက AA စခန်းမှာခိုလှုံနေပြီး
    အဲ့ဒီကနေ သတင်းထုတ်လွှင့်နေတာလို့သိရပါတယ်။